Friday, January 29, 2016

I am happy to be studying Myanmar Language

I am happy to be studying Myanmar Language
မြန်မာစကား သင်ရတာ ပျော်ပါတယ်
*****
၁။ ကျွန်မ အခု မြန်မာစကားပြော သင်နေပါတယ်။
I am studying Myanmar Language.
၂။ ကျွန်မတို့ အတန်းမှာ ကျောင်းသား ငါးယောက် ရှိကြပါတယ်။
There are five students in our class.
၃။ ကျွန်မရဲ့ မြန်မာစာ ဆရာ နာမည်က ဦးဌေးဝင်းပါ။
Our teacher’s name is Oo Htay Win.
၎။ ကျောင်းသားတွေကတော့ မချတ်စုဒါ။ မတူ။ မအေးမြတ်သူ။ မသစ်နဲ့ ကိုဖီးတို့ဖြစ်ကြပါတယ်။
The students are Ma Chatsuda, Ma Too, Ma Aye Myat Thu, Ma Thit and Ko Pee.
၅။ ကျောင်းသား အားလုံးဟာ တယောက်နဲ့တစ်ယောက် ခင်မင်ကြပါတယ်။
They all are friendly and lovely to each other.
၆။ ကျွန်မတို့ စာသင်တဲ့ အခန်းက ခရစ်ယန် ဘုရားရှိခိုး ကျောင်းထဲမှာ ရှိပါတယ်။
Our classroom is in a church.
၇။ အဲဒီ ဘုရားရှိခိုးကျောင်းဟာ ရပ်ခ်ျထေ၀ီ မိုးပျံရတားဘူးတာနဲ့ နီးပါတယ်။
The church is near the Ratchthewi BTS.
၈။ အာရှ ဟိုတယ်နဲ့လည်း နီးပါတယ်။
It is also near the Asia Hotel.
၉။ ဖယာထိုင်း လမ်းမကြီးပေါ်မှာ ရှိပါတယ်။
It is situated beside Phaya Thai road.
၁၀။ ကျွန်မတို့ အားလုံးဟာ မြန်မာစကားနဲ့ မြန်မာစာကို တကယ် တတ်ချင်လို့ လာသင်နေကြတာပါ။
We are studying Myanmar Language because we all want to be learned and understood.
၁၁။ အခုအချိန်မှာ ကျွန်မတို့ဟာ အရင်ကထက် မြန်မာစကားကို ပိုပြီးတော့ နားလည်လာပါပြီ။
At the moment, we have understood Myanmar Language more than before.
၁၂။ နည်းနည်းပါးပါးလည်း ပြောတတ်နေပါပြီ။
၁၃။ အစပိုင်းမှာတော့ မြန်မာစကားဟာ ကျွန်မအတွက် အလွန် ခက်ပါတယ်။
At the beginning, it is very difficult language for me.
၁၄။ ဒါပေမဲ့ ဖြည်းဖြည်းလေ့လာတဲ့အခါ အဆင်ပြေလာပါတယ်။
However, after studying it slowly I am convenient with it.
၁၅။ ကျွန်မရဲ့ ဆရာက အရမ်း စိတ်ရှည်ပါတယ်။
My teacher is very patient to us.
၁၆။ အရမ်းလည်း သဘောကောင်းပါတယ်။
He is very kind to us.
၁၇။ တပည့်တွေကိုလည်း အရမ်း ဂရုစိုက်ပြီး သင်ပေးပါတယ်။
He is very careful to the students too.
၁၈။ တပည့်တွေကလည်း ဆရာ့ကို ချစ်ကြပါတယ်။
The students also love the teacher.
၁၉ အဲဒါကြောင့် ကျွန်မ မြန်မာစကား သင်ရတာ ပျော်ပါတယ်။
So, I am happy to study Myanmar Language.
၂၀။ ဆက်ကြိုးစားရင် တကယ်တတ်မယ်လို့ ယုံကြည်ပါတယ်။
So, I must try it so that I understand.
၂၁။ ဒါကြောင့် ကျွန်မ တတ်အောင် ကြိုးစားပါမယ်။
၂၂။ သူငယ်ချင်းများလည်း တတ်အောင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်။
I also want to tell my friends “Please try this language until you understand well”.
အားလုံးကို ကျေးဇူးတင်ပါတယ်။
Thank you.

No comments:

Post a Comment