Friday, January 29, 2016

Verb To Be

အခြေခံ မြန်မာ ၀ါကျများ
Basic Myanmar Sentences

 ရှိ /   ဖြစ် ကြိယာများ အကြောင်း (ပစ္စုပ္ပန်)
About Myanmar verb to be (present)

၁။ ရှိ / ဖြစ်  = positive
Am, is  =  ရှိ / ဖြစ်/ ဟုတ်
Are  =  ရှိကြ/  ဖြစ်ကြ / ဟုတ်
You must understand that we use သည် or ၏ for the ending of the verb at writing of Myanmar.
ဥပမာ.. Example       
ရှိသည်။   ဖြစ်သည်။
ရှိကြသည်။ ဖြစ်ကြည်။
You must know that we understand တယ် for the ending of the ending of the verb in spoken Language of Myanmar.
ဥပမာ - Example
ရှိတယ်။  ဖြစ်တယ်။
ရှိကြတယ်။ ဖြစ်ကြတယ်။

၁။ သူသည် ဆရာဝန် တစ်ဦး ဖြစ်သည်။ (အရေး ဘာသာစကား)
He is a doctor.
သူဟာ ဆရာဝန် တစ်ဦး ဖြစ်တယ်။ (အပြော ဘာသာစကား)
၂။ ပူသည်။ ပူ၏။
It is hot.
ပူတယ်။
၃။ သူတို့သည် သူဌေးများ ဖြစ်ကြသည်။ (အရေး ဘာသာစကား)
They are rich.
သူတို့က သူဌေးတွေ ဖြစ်ကြတယ်။ (အပြော ဘာသာစကား)

စကားပြော လေ့ကျင့်ခန်း

၁။ ကျေးဇူးပြုပြီး ပြူတင်းပေါက်ကို ပိတ်ပေးပါ။ ကျွန်တော် ချမ်းလို့ပါ။
Can you close the window , please. I’m cold.
၂။ ကျွန်တော် အသက် ၃၂ နှစ် ရှိပါပြီ။ ကျွန်တော့ ညီမအသက် ၂၂ ရှိပါတယ်။ 
I am 32 years old. My sister is 22.

၂။ အငြင်း = Negative

ဥပမာ = Example
မဖြစ် = မရှိ = မဟုတ် =is not
မဖြစ်ကြ  =  မရှိကြ= မဟုတ်ကြ= Are not
We use `မ´ for Negative.
၁။ မင်းရဲ့အမေ အိမ်မှာ ရှိသလား။
Is your mother at home?
မရှိပါ။ အမေ အပြင်ကို သွားပါတယ်။
No, she is out.
၂။ ခင်ဗျား မောသလား
Are you tired?
ဟုတ်ကဲ့။ မောပါတယ်။
Yes, I am tired.
၃။ ရှင်. ဗိုက်ဆာသလား။
Are you hungry?
ဟင့်အင်း.. မဆာပါဘူး။
No, I am not hungry.

၃။ မေးခွန်း = Question

We use ´လား´ ´လဲ´ for question.
ခင်ဗျားက အလုပ်သမား တစ်ယောက်လား။
Are you a worker?
ဟုတ်ပါတယ်။
Yes, I am.
ရှင်က အရာရှိ တစ်ယောက်လား။
Are you an officer?
မဟုတ်ပါဘူး။ ကျွန်တော်က ကျောင်းဆရာပါ။
No, I am not. I am a teacher.

လေ့ကျင့်ခန်းများ
Exercises

I am a doctor.   ကျွန်တော်က ဆရာဝန် တစ်ယောက်  ပါ။
She is a doctor. သူက ဆရာဝန် တစ်ယောက်   ပါ။
He is a doctor.   သူ ဆရာဝန် တစ်ယောက်     ပါ။
I am not a nurse.  ကျွန်မ သူနာပြု ဆရာမ မဟုတ်ဘူး။
It is hot.        ပူတယ်။
It is not cold.     မအေးဘူး။
They are rich.     သူတို့က သူဌေးတွေ ဖြစ်ကြတယ်။
They are not poor.   သူတို့က ဆင်းရဲသားတွေ မဟုတ်ကြဘူး။
My brother is police officer. ငါ့အကိုက ရဲအရာရှိ တစ်ယောက် ဖြစ်ပါတယ်။
He is very tall.  သူက အရပ် တော်တော် ရှည်တယ်။
I am afraid of dogs.  ကျွန်မ ခွေး ကြောက်တယ်။
Aye Myat Thu is not interested in Politics. အေးမြတ်သူက နိုင်ငံရေးကို စိတ်မ၀င်စားဘူး။


No comments:

Post a Comment