မြန်မာနိုင်ငံကို အလည်သွားခြင်း
My Trip to Myanmar
****
ပြောပြသူ။ မချတ်ဆုဒါ
Narrator
: Ma Chatsuda
****
အားလုံး မင်္ဂလာပါ..ရှင်။
Hello, Everybody.
Hello, Everybody.
ခရီးသွားတယ်ဆိုတာ
လူတိုင်းနှစ်သက်တဲ့ အလုပ်တစ်ခုပါ။ ကျွန်မတို့ အားလုံး ခရီးသွားခြင်းကို နှစ်သက် ကြပါတယ်။
ဒါကြောင့် အချိန်ရတဲ့အခါတိုင်း ကျွန်မတို့ ခရီးထွက်ကြတာ မဟုတ်ပါလား။
One of
the activities of everybody who enjoys travelling is to go on trip. We all like
travelling. Therefore, when we have a chance, we make a journey, don’t we?
ပြီးခဲ့တဲ့နှစ်
ဒီဇင်ဘာလ
၂၄ ရက်နေ့မှ ၂၇ ရက်နေ့ထိ ကျွန်မ မြန်မာပြည်ကို သွားလည်ခဲ့ပါတယ်။ ကျွန်မ ရောက် ခဲ့တဲ့
မြို့တွေကတော့ မန္တလေးမြို့နဲ့ ပုဂံမြို့ပါ။ ဒီမြို့နှစ်မြို့လုံးဟာ မြန်မာ့သမိုင်းမှာ
အလွန်တရာ အရေးပါတဲ့ မြို့ဟောင်းများပါဘဲ။
Last
year I travelled to Myanmar during 24-27 December. I visited to Mandalay city
and Bagan city. These two cities are very significant historic site of Myanmar.
ပုဂံမှာ သမိုင်းဝင်
ရှေ့ဟောင်း ဘုရား ပုထိုး စေတီ များနဲ့ ပြည့်နှက်နေပါတယ်။ အင်မတန် ပြောင်မြောက်တဲ့ ရှေ့ခေတ်က မြန်မာ့ အနုပညာ လက်ရာကို မြင်တွေ့ခဲ့ရပါတယ်။ မန္တလေးမြို့မှာလည်း ဒီအတိုင်းပါဘဲ။ တင်ရှားကျော်ကြားတဲ့ ဘုရား စေတီတွေကတော့
ပုဂံမှာဆိုရင် အာနန္ဒာ။ ရွှေစည်းခုံ။ ဓမ္မရံကြီး။ ဗူးဘုရား စတဲ့ ဘုရား စေတီတွေ ဖြစ်ကြပါတယ်။
မန္တလေးမှာဆိုရင် မဟာမြတ်မုနိ ဘုရားကြီး။ မန္တလေးတောင်။ ဦးပိန်တံတားနဲ့ မန္တလေး နန်း
တော်တို့ ဖြစ်ကြပါတယ်။
Bagan is full of ancient pagodas, temples, and
stupas. I have seen various historical masterpiece of art and craft. Mandalay
also has the same. The famous pagodas in Bagan are Ananda, Shwezigon,
Dhammayangyi, Bupaya, etc. As for Mandalay, the famous places are Manamuni
Payagyi, Mandalay Hill, U Bein Bridge and The Royal Mandalay Palace.
မြန်မာတွေဟာ
ဗုဒ္ဓဘာသာကို အဓိက ကိုးကွယ်ကြပါတယ်။
ဒါကြောင့် ဗုဒ္ဓစာပေတွေကို သင်ကြားတဲ့ ကျောင်း တိုက်ကြီးတွေ အများကြီး ရှိကြပါတယ်။ အခုခေတ်မှာ မန္တလေးမြို့ဟာ ဗုဒ္ဓစာပေကို
အဓိက သင်ကြားပေးရာ မြို့ပါဘဲ။ ဒါကြောင့် ရဟန်းသံဃာတွေ အများကြီး ဖူးတွေ့ခဲ့ရပါတယ်။
Myanmar
people mainly worship Buddhism. Therefore
there are many big monasteries teaching Buddhist literature. Nowadays Mandalay
city is the most prominent place for Buddhist literature teaching. Thus, I saw
a lot of monks there.
ပြီးတော့
ကျွန်မ ကျေးလက်ဒေသကိုလည်း
ရောက်ခဲ့ပါတယ်။ ပဲဆီကြိတ်နေတဲ့ နေရာကိုလည်း ရောက်ခဲ့ ပါ တယ်။ မြန်မာအစားစာတွေကိုလည်း
ဝယ်စားခဲ့ပါတယ်။ မြန်မာမုန့်တွေထဲမှာ နာမည်ကျော်ကတော့ မုန့် ဟင်းခါးပါဘဲ။ မြန်မာတွေ
သိပ်ကြိုက်တဲ့ အစားအစာ ထင်ပါရဲ့။ နေရာတိုင်းမှာ မုန့်ဟင်းခါးဆိုင်ကို တွေ့နိုင် ပါတယ်။
ကျွန်မတို့ ထိုင်းတွေ ခေါက်ဆွဲ (ကွတ်တီယို) ကို ကြိုက်နှစ်သက်ကြသလိုပေါ့။
After
that I visited rural town and a village producing peanut oil. I also bought
Myanmar food to taste. Mohinga is famous among Myanmar food. It’s the food that
Myanmar people like very much, I think. You can find Mohinga shop everywhere.
It’s the same as in my country, Thailand, where Thai people like noodles very
much.
နောက် ထူးထူးဆန်းဆန်း
မုန့်တစ်ခုက မုန့်လင်မယား..တဲ့။ ထူးဆန်းတယ် ဆိုတာက နာမည်ကို ပြောတာပါ။ ဘာကြောင့် ဒီမုန့်ကို
ဒီနာမည်ပေးရသလဲဆိုတာ ကျွန်မ မသိပါ။ မြန်မာတို့ရဲ့ အဓိက မြစ်ကြီးက ဧရာဝတီ မြစ် ဖြစ်ပါတယ်။
ပြောပြစရာတွေ အများကြီး ရှိပါသေးတယ်။ ကျွန်မ ပြောပြတာကို အခုလို နားထောင်ပေးတဲ့ အ တွက်
သူငယ်ချင်းတို့ကို ကျေးဇူးတင်ပါတယ်။
Then I
found a very strange Myanmar snack called ‘Mont Linmayar’ or “Husband and Wife”. Its name is very weird. I
do not know why it was given such name. Ayeyawaddy is the main river of
Myanmar. There are still a lot of things to talk about. Thank you all friends
for listening to my talk like this.
Vocabularies
ထင်ရှားကျော်ကြားသော Famous
အဓိက Major Main
အခုခေတ် Nowadays
ကျေးလက်ဒေသ Rural Countryside village
************************
No comments:
Post a Comment