Sunday, February 7, 2016

Living in Bangkok

ကျွန်မ ဘန်ကောက်မှာ နေပါတယ်
Living In Bangkok
***

ကျွန်မတို့ နိုင်ငံရဲ့ နာမည်က ထိုင်း ဖြစ်ပါတယ်။ အရှေ့တောင်အာရှ ဆယ်နိုင်ငံထဲမှာ ပါပါတယ်။
Our country’s name is Thailand. It’s one of the 10 countries in South East Asia.
အိမ်နီးချင်းနိုင်ငံတွေကတော့ မြန်မာ။ လာအို။ ကမ္ဘောဒီးယားနဲ့ မလေးရှားနိုင်ငံတို့ ဖြစ်ကြပါတယ်။
Our neighbor countries are Myanmar, Lao, Cambodia, and Malaysia.
အခု ကျွန်မတို့နေတာက ဘန်ကောက် မြို့တော်မှာပါ။
Now we are living in Bangkok, the capital city.
ဘန်ကောက်မြို့တော်ဟာ အလွန်ကြီးမားတဲ့ မြို့တော် တစ်မြို့ပါ။ လူဦးရေ သန်းပေါင်း ဆယ်သန်းကျော် နေထိုင်တဲ့ မြို့ဖြစ်ပါတယ်။
Bangkok is a very big city. The population is over 10 million people.
လမ်းမကြီးတွေလည်း အများကြီး ရှိပါတယ်။ အမြန်လမ်းမကြီးတွေလည်း ရှုပ်ယှက်ခတ်အောင် ရှိနေပါတယ်။ ကောင်းကင်ရထား မြေအောက်ရတားတွေလည်း ရှိပါတယ်။
There are so many highways and crowded express ways. We also have sky train and underground train systems.
ကုန်တိုက်ကြီးတွေ အများကြီး ရှိကြပါတယ်။ စက်ရုံ အလုပ်ရုံတွေလည်း အများကြီး ရှိပါတယ်။ တက္ကသိုလ် ကောလိပ်တွေ ဆေးရုံတွေလည်း အများကြီးပါဘဲ ရှိကြပါတယ်။
There are several big department stores and factories. There are many universities, colleges and hospitals as well.
ဘန်ကောက်မှာ ရှိတဲ့ နာမည်ကျော် နေရာတွေကတော့ မြဘုရား။ သုဝဏ္ဏဘူမိ လေဆိပ်။ ပတူနန်း။ ဆီးလုံ။ စယမ် ပါရာဂွမ်။ ဆာဖာရီဝေါ စတဲ့ အရပ်တွေပါဘဲ။
The famous places in Bangkok are the Emerald Buddha, Suvarnnabhumi Airport, Pratunam, Silom, Siam Paragon, Safari World, etc.
ကျွန်မတို့ ထိုင်းလူမျိုးတွေက အရမ်းကို ဖော်ရွေပါတယ်။ သဘောကောင်းပါတယ်။ ဒါကြောင့် နိုင်ငံခြားသား ဧည့်သည်တွေ အများကြီး နှစ်တိုင်း လာလည်နေကြပါတယ်။ ထိုင်းအစားအစာတွေက နည်းနည်းစပ်ပေမဲ့ စားလို့ အရမ်းကောင်းပါတယ်။
We Thai people are very friendly and kind, so foreigners and tourists come to visit Thailand every year. Thai food is very delicious although it is quite spicy.
ထိုင်းအမျိုးသမီးတွေက အရမ်းလှတယ်လို့လည်း နိုင်ငံခြားသားတွေက ပြောကြပါတယ်။ ဟုတ်မဟုတ် ကျွန်မ မသိပါ။ ဟုတ်ရဲ့လား.. သူငယ်ချင်းတို့။
Foreigners said that Thai women are very beautiful. I don’t know whether it is true or not. What do you think, my friends?
ထိုင်းအမျိုးသားတွေက လည်း အရမ်းခန့်ငြား ကြပါတယ်။ ဟုတ်တယ်နော်..
Thai men are also handsome, right?
အခုလို ကျွန်မတို့မြို့အကြောင်းကို မြန်မာဘာသာစကားနဲ့ ပြောခွင့်ရတဲ့အတွက် အရမ်း ဂုဏ်ယူပါတယ်။
We are so proud to have a chance to talk about our city in Myanmar language like this.
နားထောင်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။
Thank you everybody for your listening.
**********************************
Vocabularies       ဝေါဟာရများ
အရှေ့တောင် အာရှ         South East Asia
ရှုပ်ယှက်ခတ်                 So crowded or many many
We, Myanmar, use ရှုပ်ယှက်ခတ် as crowded for the people but here I used this word as an adjective for a lot of bridge, flyover, express way etc which we see everywhere in Bangkok.
ထိုင်း အမျိုးသားတွေ         Thai men
ခန့်ငြား              Handsome (For man)


No comments:

Post a Comment