ဝံပုလွေနဲ့ နွားကျောင်းသား
The Cowboy and the Wolf
ပြောပြသူ မနာ (ခ) မအေးမြတ်သူ
Narrator: Ma Na or Ma Aye Myat
Thu
အားလုံးမင်္ဂလာပါ။
Hello, Everybody!
ကျွန်မနာမည် ခွန်နာ ဖြစ်ပါတယ်။
မြန်မာနာမည်ကတော့ အေးမြတ်သူပါ။ ကျွန်မဆရာ ပေးထားတဲ့ နာမည်ပါ။ မြန်မာ နိုင်ငံမှာတော
့အေးမြတ်သူဆိုတာ အရမ်းလှတဲ့ မိုဒယ်ဂဲလ်လို့ ပြောပါတယ်။
My name is Khun Na. My Myanmar
name is Aye Myat Thu which is given to me by my teacher. He said that Aye Myat
Thu is a very beautiful model girl in Myanmar.
အရင်တပတ်က မတူက ယုန်နဲ့လိပ်အကြောင်းကို
မြန်မာလို ပြောပြခဲ့ပါတယ်။ ဗဟုသုတ အများကြီး ရပါတယ်။ မြန်မာ စကားလုံး အသစ်တွေလည်း သိရတယ်။
မြန်မာစကား အသုံးအနှုံး အသစ်တွေလည်း သိရတယ်။ အဲဒီအတွက် ကျေးဇူးတင်ပါတယ် မတူ။
Last week, Ma Tu told us the
story of the hare and the tortoise in Myanmar language. We have got a lot of
knowledge from that. We have learned many new Myanmar vocabularies. Moreover,
we have also learned various new Myanmar usages. Thank you Ma Tu for this.
ဒီတပတ် ဆရာက ကျွန်မကို
စကားပြောဖို့တာဝန် ပေးပါတယ်။ ကျမပြောရမှာကလည်း မြန်မာပုံပြင် တပုဒ်ပါဘဲ။ ၀ံပု လွေနဲ့
နွားကျောင်းသားဆိုတဲ့ ပုံပြင်လေးပါ။ အားလုံး နားထောင်ဖူးကြလိမ့်မယ်လို့ ကျွန်မထင်ပါတယ်။
ကျွန်မတို့ ငယ်ငယ်တုန်းကလည်း ဒီပုံပြင်ကို နားထောင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ထိုင်းစကားနဲ့ပေါ့။
ခု ကျွန်မပြောပြမှာက မြန်မာ စကားနဲ့ပါ။
This week, the teacher assigns
a duty for me to talk. I will tell you a Myanmar tale concerning a cowboy and a
wolf. I think all of us have ever listened to this story before. When we were children,
we have ever listened to this story before, but it was in Thai. Now I will tell
you in Myanmar language.
ကဲ စပြောပြီ နော်။
OK, let’s start talking…
ဟိုရှေးရှေးတုန်းက ရွာတရွာမှာ
နွားကျောင်းသားလေး တစ်ယောက် ရှိတယ်။ သူဟာ သူ့နွားတွေကို တောင်နားကို ခေါ်သွားပြီး အစာကျွေးတတ်ပါတယ်။
Once upon a time, in a village
there was a cowboy. He took his cows to feed near the hill.
တနေ့မှာ သူဟာပျင်းလာလို့
ရီစရာ ဟာသတခု ပြုလုပ်ဖို့ စဉ်းစားနေခဲ့တယ်။ ဒီလိုစဉ်းစားပြီးနောက် သူဟာ ရွာကို ပြေးလာပြီး
´၀ံပုလွေ´
ဝံပုလွေလို့ အော်ဟစ်ခဲ့တယ်။ ဒါကြောင့် ရွာသားတွေဟာ လက်နက်တွေကိုယူပြီး
သူ့နောက် ကို အလျှင်အမြန် ပြေးလိုက်လာခဲ့ကြတယ်။
One day, because he was bored, he was thinking to do
something funny. After he thought, he ran to the village shouting out loudly
“wolf! wolf!”. Therefore, villagers carried weapons and ran hurriedly after him.
ဒါပေမဲ့ တောင်ကုန်းနားကို
ရောက်တော့ ဘာဝံပုလွေကိုမှ မတွေ့ခဲ့ရဘူး။ ဒီအချိန်မှာ ရွာသားတွေဟာ နွားကျောင်းသား က
သူတို့ကို အရူးလုပ်လိုက်ပြီဆိုတာကို သိလိုက်ကြတယ်။ အဲဒါကြောင့် သူတို့ဟာ မကျေမနပ်နဲ့
ရွာကိုပြန်လာခဲ့ကြ တယ်။ နွားကျောင်းသားကတော့ အဲဒီနေရာမှာရပ်နေခဲ့ပြီး ရီမောနေခဲ့တယ်။
But when they arrived at the hill they could not see
any wolf. At this time, the villagers realized that they have been fooled by
the cowboy so they were frustrated and returned to the village. At that place,
the cowboy was standing there laughing.
နောက်နေ့မှာ နွားကျောင်းသားဟာ
နောက်ထပ်တဖန် လိမ်ပြောဖို့ လာခဲ့ပြန်တယ်။
ဒီအခါမှာလည်း ရွာသားတွေဟာ ယုံကြည်ခဲ့ကြတယ်။ ဒါကြောင့် နွားကျောင်းသားလေးကို ၀ံပုလွေထံမှ
ကယ်တင်ဖို့အတွက် လက်နက်တွေနဲ့ အလျှင် အမြန် လိုက်လာကြပြန်တယ်။ ဒါပေမဲ့ တောင်ကုန်းနားကိုရောက်တဲ့အခါ
သူက ရွာသားတွေကို ကြည့်ပြီး ရီနေခဲ့ပြန် တယ်။ ဒါကြောင့် သူတို့ဟာ တဖန် အရူးလုပ်ခံရပြီဆိုတာကို
သိလိုက်ရပြန်တယ်။
The next day, the cowboy did the same thing again by
returning to the village and told a lie. This time, the villagers also believed
him and wanted to save the cowboy from the wolf so they carried weapons and run
after him. But when they arrived at the hill, they saw the cowboy laughing. So
they realized that they have been fooled by the cowboy again.
နောက်ဆုံးမှာတော့ ကံမကောင်းတဲ့နေ့ကို
ရောက်ရှိလာခဲ့ပါတယ်။ နွားကျောင်းသားလေးဟာ တောစပ်နားမှာ ၀ုံပလွေ တကောင်ကို အမှန်တကယ်
တွေ့ခဲ့ပါတယ်။ ဒီအခါမှာ သူဟာ တကယ်ဘဲ ထိတ်လန့် သွားခဲ့တယ်။
Finally, an unlucky day came. The cowboy really
confronted a wolf near the forest. This time, he was certainly frighten.
ဒါကြောင့် အကူအညီတောင်းဖို့
ရွာကိုပြေးသွားခဲ့တယ်။ သို့သော်လည်း ရွာသားတွေက သူ့စကားကို မယုံကြတော့ပါ ဘူး။ ဒီကောင်ဟာ
နောက်ထပ်တမျိုး လိမ်ပြောပြန်ပြီလို့ ထင်ခဲ့ကြတယ်။ နောက်ဆုံးမှာတော့ ၀ံပုလွေဟာ နွားအုပ်
တ အုပ်လုံးကို စားပစ်လိုက်တယ်။ နွားကျောင်းသားလေးဟာ ငိုရုံမှတပါးဘာမှ မတတ်နိုင်တော့ပါဘူး။
So he ran to ask for help from the villagers but
they did not believe his words any more. They thought the cowboy told a lie
again. At the end, the wolf had eaten all cows in the herd. The cowboy could not
do anything except crying.
ပုံပြင်လေးကတော့ ဒီလောက်ပါဘဲ။
This is the end of the story.
ဒီပုံပြင်ကပေးတဲ့ အသိညာဏ်
ဗဟုသုတကတော့ လိမ်ညာပြောဆိုခြင်းဟာ မကောင်းဘူးဆိုတာ ပါဘဲ။
The wisdom of this story is telling a lie is not a
good deed.
နားထောင်ပေးတဲ့အတွက်
အားလုံးကို ကျေးဇူးတင်ပါတယ်။
Thank
you all for listening.
*** ****
***
လေ့ကျင့်ရန် မေးခွန်းနှင့်
အဖြေများ
Practice questions and answers
၁။ ဤဇာတ်လမ်း၏ အဓိကဇာတ်ကောင်
ဘယ်သူဖြစ်ပါသလဲ။
1.
Who
is the main character in this story?
၂။ နွားကျောင်းသားက
ရွာသားတွေကို ဘယ်လို လိမ်ပြောခဲ့ပါသလဲ။
၃။ ရွာသားတွေက
နွားကျောင်းသား လိမ်ပြောတာကို ယုံကြည်ကြပါသလား။
3.
Did
the villagers believe what the cowboy told or not?
၎ ။ရွာသားတွေ
လိုက်လာတဲ့အခါ နွားကျောင်းသား ဘာလုပ်ခဲ့ပါသလဲ။
4.
When
the villagers arrived, what was the cowboy doing?
၅။ နောက်ဆုံးမှာ
နွားကျောင်းသားဟာ ၀ုံပလွေနဲ့ တကယ်တွေ့ခဲ့ပါသလား။
5.
Finally,
did the cowboy really encounter the wolf or not?
၆။ ၀ုံပလွေကနွားအုပ်ကို
ဘာလုပ်ခဲ့ပါသလဲ။
6.
What
did the wolf do to the herd of cows?
Vocabularies
စကားလုံး အဓိပ္ပါယ်များ
ဝံပုလွေ the Wolf
နဲ့ and
နွားကျောင်းသား The Cowboy
ပြောပြသူ Narrator
အရင်တပတ်က Last week
မြန်မာလို in Myanmar
language
ပြောပြခဲ့ပါတယ်။ told
ဗဟုသုတ အများကြီး ရပါတယ်။
have got a lot of knowledge
မြန်မာ စကားလုံး အသစ်တွေ new Myanmar
vocabularies
သိရတယ် have learned
မြန်မာစကား အသုံးအနှုံး
အသစ်တွေ various new
Myanmar usages.
အဲဒီအတွက် ကျေးဇူးတင်ပါတယ် မတူ Thank you Ma Tu for this.
ဒီတပတ် This week
စကားပြောဖို့ to talk
တာဝန် duty
တာဝန်ပေးပါတယ်။ assigns
a duty for me
ကျမပြောရမှာက I will tell you
မြန်မာပုံပြင် Myanmar tale
ဝံပုလွေနဲ့ နွားကျောင်းသားဆိုတဲ့
ပုံပြင်လေးပါ။ concerning a cowboy and a wolf
အားလုံး all
နားထောင်ဖူးကြလိမ့်မယ်လို့
have ever listened to
ကျွန်မထင်ပါတယ်။ I think
ကျွန်မတို့ ငယ်ငယ်တုန်းက when we were
young
ဒီပုံပြင်ကို နားထောင်ခဲ့ဖူးပါတယ်။
have ever listened to this story
ဒါပေမဲ့ ထိုင်းစကားနဲ့ပေါ့။ but
it was in Thai.
ခု Now
ကဲ စပြောပြီ နော်။ OK, let’s start
talking…
ဟိုရှေးရှေးတုန်းက Once upon a time
ရွာတရွာမှာ in a village
နွားကျောင်းသားလေး တစ်ယောက်
ရှိတယ်။ there was a cowboy
သူဟာ He
သူ့နွားတွေကို his cows
တောင်နားကို near the hill.
ခေါ်သွားပြီး took
to feed အစာကျွေးတတ်ပါတယ်။
တနေ့မှာ One
day
သူဟာပျင်းလာလို့ he
was bored
ရီစရာ ဟာသတခု something funny
ပြုလုပ်ဖို့ to do
စဉ်းစားနေခဲ့တယ် was
thinking
ပြီးနောက် After
သူဟာ he
ရွာကို ပြေးလာပြီး
ran
to the village
အော်ဟစ်ခဲ့တယ် shouting loudly
ဒါကြောင့် Therefore,
ရွာသားတွေဟာ villagers
လက်နက်တွေကို weapons
ယူပြီး carried
သူ့နောက်ကို after
him
အလျှင်အမြန် quickly, hurrily
ပြေးလိုက်လာခဲ့ကြတယ် ran
တောင်ကုန်းနားကို ရောက်တော့
when
they arrived at the hill
မတွေ့ခဲ့ရဘူး။ could not see
ဒီအချိန်မှာ At
this time
သူတို့ကို them
အရူးလုပ်လိုက်ပြီဆိုတာကို
have
been fooled
သိလိုက်ကြတယ် realized
အဲဒါကြောင့် so
သူတို့ဟာ they
မကျေမနပ်နဲ့ unsatisfied
/ frustrated / angry
ရွာကို ပြန်လာခဲ့ကြ တယ်။ returned
to the village
နွားကျောင်းသားကတော့
the
cowboy
အဲဒီနေရာမှာ At that place
ရပ်နေခဲ့ပြီး was
standing
ရီမောနေခဲ့တယ် laughing
နောက်နေ့မှာ The
next day
နောက်ထပ်တဖန် the same thing again
လိမ်ပြောဖို့ told
a lie (to lie)
လာခဲ့ပြန်တယ်။ returning
ဒီအခါမှာ This
time
ယုံကြည်ခဲ့ကြတယ် believed
ဝံပုလွေထံမှ from
the wolf
ကယ်တင်ဖို့အတွက် wanted
to save
လက်နက်တွေနဲ့ carried
weapons
အလျှင် အမြန် လိုက်လာကြပြန်တယ်
run after him
အလျှင် အမြန် quickly / fast
တောင်ကုန်းနားကိုရောက်တဲ့အခါ
when
they arrived at the hill
သူက he
နောက်ဆုံးမှာတော့ Finally
ကံမကောင်းတဲ့နေ့ unlucky day
ရောက်ရှိလာခဲ့ပါတယ် came
တောစပ်နားမှာ
near
the forest
အမှန်တကယ် actually
/ really
တွေ့ခဲ့ပါတယ် confirmed
( သေချာတယ် )
ဒီအခါမှာ This
time / Then
တကယ်ဘဲ really
ထိတ်လန့် သွားခဲ့တယ်။
panic, frighten
အကူအညီတောင်းဖို့ to
ask for help
ရွာကိုပြေးသွားခဲ့တယ်။
ran
to village
သို့သော်လည်း But / however
သူ့စကားကို his words
မယုံကြတော့ပါဘူး did not believe any more
ဒီကောင်ဟာ the
cowboy (he)
နောက်ထပ်တမျိုး လိမ်ပြောပြန်ပြီလို့
told
a lie again
ထင်ခဲ့ကြတယ် thought
နောက်ဆုံးမှာတော့ At the end, Finally
ဝံပုလွေဟာ the
wolf
နွားအုပ် တအုပ်လုံးကို
all
cows in the herd
စားပစ်လိုက်တယ် had
eaten
နွားကျောင်းသားလေးဟာ ငိုရုံမှတပါးဘာမှ
မတတ်နိုင်တော့ပါဘူး။ The cowboy cried and could not do
anything.
ပုံပြင်လေးကတော့ ဒီလောက်ပါဘဲ။
This is the end of the story.
ဒီပုံပြင်ကပေးတဲ့ အသိညာဏ်
ဗဟုသုတကတော့ The wisdom of this story is
လိမ်ညာပြောဆိုခြင်းဟာ
မကောင်းဘူးဆိုတာ ပါဘဲ telling a lie is not a good deed.
No comments:
Post a Comment