Sunday, March 27, 2016

Conjunction 2

မြန်မာ စကားဆက်များ
အမှတ် ၂

၁။ လေလေ…      …     … လေလေ
The more …..  the ..er

The more you learn, the more knowledge you will get.
မင်းကြိုးစားလေလေ မင်းဟာ ပညာတွေ ရလာလေလေဘဲ။

The more you study, the better student you will be.
သင်ကြိုးစား သင်ယူလေလေ သင်ဟာ ပိုတော်တဲ့ ကျောင်းသား ဖြစ်လာလေလေဘဲ။

မတူဟာ မြန်မာစကားကို ကြိုးစားလာလေလေ တော်လာလေလေဘဲ။
The more Ma Tu tries hard in Myanmar language, the better she is.

အခန်းကို သန့်ရှင်းရေး မလုပ်ဘဲ ထားလေလေ ညစ်ပတ်လေလေ ဖြစ်လာတယ်။
The more you don’t clean your room, the dustier your room will be.  

အရက်သမားတွေဟာ ကြီးလာလေလေ မိုက်လာလေလေ ပါဘဲ။
The older drunkards are, the more stupid they are.

အစိုးရတွေ ကောင်းလေလေ တိုင်းပြည်တွေ တိုးတက်လေလေ ဖြစ်ပါတယ်။
The better governments are, the more development the country will be.

သူနဲ့ မတွေ့ရတာ ကြာလေလေ သတိရလေလေ။
The longer I don’t see her, the more I miss her.


၂။ သလောက်….         / လောက်
As adj as

နွယ်နွယ်သည် ဇော်ဇော် အရပ်ရှည် သလောက် ရှည်သည်။
Nwe Nwe is as tall as Zaw Zaw.

သူဇာသည် နုနလှုသလောက် မလှဘူး။
Thuzar is not as pretty as Nu Nu.

ဂျပန်နိုင်ငံဟာ အိနိယနိုင်ငံလောက် မကြီးပါ။
Japan is not as large as India.

ရုပ်ရှင်မင်းသမီး ချွန်ဖု လှသလောက် အေးမြတ်သူလည်း လှပါတယ်။
Aye Myat Thu is as beautiful as Thai movie star Chompu is.

မစ္စတာ စုန်ချိုင်း လုပ်တတ်သလောက် ကိုဖီးလည်း တတ်ပါတယ်။
Ko Pi can do as capable as Mr. Sonchai does.

ဖိစူရာချိုင် မြန်မာစကား ပြောနိုင်သလောက်တော့ မဆုဒါလည်း ပြောနိုင်ပါတယ်။
Ma Suda can speak Myanmar language as well as Phi Surachai talks.

နုနု အင်္ဂလိပ်စကား နားလည်သလောက် ကိုစိုင်းလည်း နားလည်ပါတယ်။
Ko Saing understands English as well as Nu Nu understands it.

မက်ဆီ ဘောလုံးကစားတာ တော်သလောက် ရိုနာလ်ဒိုလည်း တော်ပါတယ်။
Ronaldo can play football as good as Messi.


၃။ သော်လည်း    
Although /  though    

သူသည် နောက်ကျပြီးမှ စလုပ်သော်လည်း ပထမဦးစွာ ပြီးစီးသည်။
He finished first although he began late.

သူကြိုစားသော်လည်း မအောင်မြင်ပါ။
Although he worked hard, he didn't succeed.

သူဟာ အလုပ်လုပ်တာ ကောင်းသော်လည်း စကားပြော မချိုပါ။
His mouth is not sweet though he is good at work.

မေမေ နေမကောင်းသော်လည်း ထမင်းချက်နေပါတယ်။
Mother is cooking curry although she is ill.

စာအုပ်တွေဟာ ဟောင်းနေသော်လည်း တန်ဖိုးရှိပါတယ်။
Books are valuable though they are very old.

ဗိုလ်ချုပ်အောင်ဆန်းစာ  လူသေသွားသော်လည်း နာမည်မသေပါ။
Although General Aung Sun died, his name is not dead.


၎။ အစား
Instead of

ငါ တနင်္ဂနွေနေ့မှာ အလုပ်လုပ်မဲ့အစား  ဈေးဝယ်သွားချင်တယ်။
I would like to go shopping instead of working on Sunday.

သူဌေးက ငါ့အစား သူမကို ရန်ကုန်သို့ စေလွှတ်ခဲ့တယ်။
The boss sent her to Yangon instead of me.

မင်းက ဒီရပ်ကွက်မှာနေမဲ့အစား ငါတို့မြို့ကို ပြောင်းလာခဲ့ပါလား။
Please move to our town instead of living in this quarter.

မင်း… ပန်းသီးစားမဲ့အစား စတော်ဘယ်ရီသီး စားကြည့်ပါလား။
Please try strawberry instead of having an apple.

အကို… အိပ်နေမဲ့အစား တခုခု လုပ်လိုက်ပါလား။
Hi Brother.. Please do something instead of sleeping.

အမ အချိန်ဖြုန်းနေမဲ့အစား ဘာသာစကား တခုခု ကိုသင်လိုက်ပါလား။
Please study some language instead of wasting time.


၅။ အလို့ငှါ /  ဖြစ်စေရန်   /  ဖြစ်အောင်
So that

ငါတို့ နားလည်စေရန် အလို့ငှါ ကျေးဇူးပြုပြီး စကားကို ဖြေးဖြေး ပြောပါ။
Please speak slowly so that we can understand.

သူတို့ဟာ ဘ၀ အဆင်ပြေစေရန် အလို့ငှါ အလုပ်ကို ကြိုးစား လုပ်နေကြတယ်။
They are working hard so that their lives are convenient.

ဆရာက တပည့်များကို လူတော်များ ဖြစ်လာစေရန် သင်ပြပေးတယ်။ 
The teacher teaches his students so that they are better men.

အမေဟာ ဟင်းတွေကို အရသာ ရှိလာအောင် ချက်တယ်။
Mother cooks curry so that it is delicious.

လူငယ်တွေ တိုးတက်လာဖို့ စာဖတ်သင့်တယ်။
The youth should read books so that they develop.


၆။ လွန်း၍  …..   ….       မလုပ်နိုင်
Too….  To

ကျွန်တော် ပင်ပန်းလွန်းလို့ အပြင်ကို မသွားနိုင်ပါ။
I’m too tired to go out.

အပြင်ဘက်မှာ ပူလွန်းလို့ မထိုင်နိုင်ပါ။
It’s too hot to sit outside.

သူမ ပြောတာ မြန်လွန်းလို့ ကျွန်တော်  နားမလည်ပါ။
She speaks too fast for me to understand.


၇။ မ …. မဟုတ်ဘဲ  /   မပါဘဲ
Without

ခင်ဗျား အကူအညီမပါဘဲ ကျွန်တော် ဒီအလုပ်ကို ပြီးအောင် မလုပ်နိုင်ပါ။
I cannot finish this work without your help.

မင်းမရှိဘဲ ငါ အသက်မရှင်နိုင်ဘူး။
I can’t live without you.

ငါမရှိလည်း မင်းတို့ အစည်းအဝေးကို စတင်နိုင်ပါတယ်။

You can start the meeting without me.

No comments:

Post a Comment