Monday, March 7, 2016

About the Princess of Shan State, Sao Thu Sandi

ရှမ်းမင်းသမီး စ၀် သုစန္ဒီအကြောင်း
About the Princess of Shan State, Sao Thu Sandi



ပြောပြသူ မဆုဒါ
Narrator:  Ma Suda

အားလုံး မင်္ဂလာပါ။
Good Morning Everybody

ကျွန်မ မဆုဒါပါ။
I am Ma Suda.


ဒီတပတ်အတွက် ဆရာက မြန်မာ အချစ်ဝတ္ထုတိုလေး တပုဒ် သင်မယ် လို့ အရင်အပတ်က ပြောခဲ့ပါတယ်။
Last week, the teacher told us that he would teach us a love story.

ဒါပေမဲ့ ဒီတပတ်ထဲမှာ ဆရာမှာ အခက်အခဲတွေ ရှိခဲ့လို့ အချစ်ဝတ္ထု တပုဒ်ကို သင်ဖို့ မပြင်ဆင်နိုင်ခဲ့ပါဘူး။
But, because he had some difficulties, he could not prepare to teach a love story.

ဒါကြောင့် ကျွန်မက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အမျိုးသမီး တယောက် အကြောင်းကို ပြောပြချင်ပါတယ်။
So, I would like to talk about an interesting lady who is related to Myanmar country.

သူမ နာမည်က စ၀်သုစန္ဒီလို့ ခေါ်ပါတယ်။
Her name is Sao Thu Sandi.

တကယ်တော့ သူမဟာ မြန်မာ လူမျိုးလည်း မဟုတ်ပါဘူး။
Actually, she is not a Myanmar nationality.

ရှမ်းလူမျိုးလည်း မ ဟုတ်ပါဘူး။
She is not Shan ethnic too.

 သြစကြီးယားနိုင်ငံမှာ မွေးဖွားတဲ့ ဥရောပသူ တယောက် ဖြစ်ပါတယ်။
She was a European who was born in Austria.

သူမရဲ့ နာမည်ရင်းက Inge Sargent ဖြစ်ပါတယ်။
Her original name is Inge Sargent.

ဒုတိယ ကမ္ဘာစစ်အပြီးမှာ သူမဟာ အမေရိကန်မှာ သွားရောက် ပညာသင်ပါတယ်။
After the 2nd World War, she went to study in USA.

သူမဟာ ကျောင်းတက်ရင်း မြန်မာ နိုင်ငံသား တစ်ဦးနဲ့ ရည်းစားဖြစ်ခဲ့တယ်။
While she was studying in USA, she loved a man who was from Myanmar.

ချစ်ခဲ့ကြတယ်။
They fell in love.

 နောက် သူတို့နှစ်ယောက် လက်ထပ်ခဲ့ကြတယ်။
After that, they got married.

အစက သူမဟာ သူမချစ်သူ ဘယ်လိုလူဆိုတာကို မသိခဲ့ပါဘူး။
At the beginning, she did not know who her lover was.

ရန်ကုန်ကိုရောက်တဲ့အခါ လူအများကြီး လာရောက် ကြိုဆိုကြတယ်။
When they arrived in Yangon, there were many people welcoming them.

အဲဒီအခါမှသာ သူ့ခင်ပွန်းဟာ သာမန်လူမဟုတ်ဘူး ဆိုတာ သိခဲ့တယ်။
At that time, she knew that her husband was not a common person.

သူ့ယောက်ျားက ရှမ်းစော်ဘွား ဖြစ်နေတယ်။
Her husband was a prince of Shan State.

သီပေါမြို့ကို ရောက်ပြီးနောက်မှာ ရှမ်းရိုးရာနဲ့ မင်္ဂလာဆောင်ခဲ့တယ်။
After they arrived in Hsipaw which is famous town of Shan State, they celebrated wedding in Shan traditional style. 

သူမကိုလည်း မဟာဒေ၀ီ ဘွဲ့ကို ပေးအပ်ခဲ့ကြတယ်။
They awarded to her the title “Maha Dewi”.

သူမဟာ ရှမ်းဘာသာစကားကို လျှင်လျှင် မြန်မြန် တတ်မြောက်ခဲ့တယ်။
She learned Shan language quickly.

နားလည်လာခဲ့တယ်။
She understood the language.

ရှမ်းလူမျိုးတွေကလည်း သူမကို မဟာဒေ၀ီ တယောက်အဖြစ် လက်ခံလာခဲ့ကြတယ်။
Shan ethnic welcomed her as a mahadewi.

သူမဟာ သူမရဲ့ခင်ပွန်းဖြစ်သူနဲ့ အတူတူ ရှမ်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ပေးခဲ့တယ်။
She worked to develop Shan State together with her husband.

သူမမှာ သမီး နှစ် ယောက် ရှိခဲ့ပါတယ်။
She had two daughters.

နောက်ပိုင်းမှာ စ၀်ကြာဆိုင်ဟာ ပါလီမန် လွှတ်တော်အမတ် ဖြစ်လာတယ်။
And then Sao Kyar Saing was a member of parliament.

၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းတဲ့အခါ သူလည်း အဖမ်းခံရတယ်။
At the military coup de ta in 1962, he was also arrested.

စ၀်သုစန္ဒီကိုလည်း အမေရိကန် ထောက်လှမ်းရေးလို့ စွပ်စွဲပါတယ်။
The military government accused Sao Thu Sandi as an American spy.

ဒါကြောင့် သူမနဲ့ သမီးနှစ်ယောက်လည်း အကျယ်ချုပ် ကျခံခဲ့ရတယ်။
Therefore, she and her daughters were house arrested.

၁၉၆၄ခုနှစ်မှာ သူမဟာ မြန်မာပြည်က ထွက်လာခဲ့ပါတယ်။
She left Myanmar to abroad in 1964.

သြစကြီးယား နိုင်ငံမှာ နှစ်နှစ်လောက် နေထိုင်ခဲ့ပြီး အမေရိကန်ကို ပြောင်းသွားခဲ့တယ်။
She had been living in Austria for two years before she moved to USA.

အမေရိကန်မှာ ဆရာဖြစ် အောင်လက်မှတ်ရရှိခဲ့ပြီး ဂျာမန်ဘာသာ ဆရာမ လုပ်ခဲ့ပါတယ်။
After she got a teacher certificate in USA, she worked as a German language teacher there.

၁၉၆၈ ခုနှစ်မှာ သူမဟာ Tag Sargent ဆိုသူနဲ့ ဒုတိယ အိမ်ထောင်ပြုခဲ့ပါတယ်။
In 1968, she got married for the second time to Mr. Tag Sargent.

၁၉၉၅ ခုနှစ်မှာ သူမဟာ မြန်မာ ဒုက္ခသည်များကို အကူအညီပေးရန်အတွက် Burma Life Line အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။
In 1995, she organized an organization named Burma Life Line to help Myanmar refugees.

၂၀၀၀ ပြည့်နှစ်မှာ သူမကို ကုလသမဂ္ဂက United Nations Association International Human Rights ရရှိခဲ့ပါတယ်။
In 2000, she was awarded United Nations Association International Human Rights by United Nations.

ထို့နောက် သူမဟာ ရှမ်းပြည်နယ် တိုးတက်ရေးအတွက် လုပ်ဆောင်တဲ့ လူငယ်တွေကို ဆုပေးခဲ့ပါတယ်။
And then she rewarded to the youth who were working to develop Shan State.

ဒေါ်လာ ၃၀၀၀ ပေးခဲ့ပါတယ်။
She gave 3000 dollar.

တကယ်တော့ စ၀်သုစန္ဒီရဲ့ဘ၀မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အသည်းမှာ ဒဏ်ရာ ရခဲ့ရတဲ့ ဘ၀ပါ။
Actually, the life of the young Sao Thu Sandi suffered her heart.

ကျွန်မပြောပြတဲ့ သူ့အကြောင်း အကျဉ်းချုပ်က ဒီမှာ ပြီးပါပြီ။
This is the end of her brief biography.

နားထောင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
Thank you very much for listening.


***************************

စကားလုံးများ  Vocabularies

အကြောင်း   About

ရှမ်းမင်းသမီး  the Princess of Shan

စ၀်သုစန္ဒီ  Sao Thu Sandi

 ပြောပြသူ Narrator

မဆုဒါ Ma Suda

အားလုံး မင်္ဂလာပါ။ Good morning Everybody

ကျွန်မ မဆုဒါပါ။ I am Ma Suda

ဒီတပတ်အတွက် for this week

အရင်အပတ်က Last week

ဆရာက the teacher

ပြောခဲ့ပါတယ် told

သင်မယ် လို့ that he would teach

အချစ်ဝတ္ထုတိုလေး တပုဒ်  a short love story

ဆရာမှာ အခက်အခဲတွေ ရှိခဲ့လို့ he had difficulties

ပြင်ဆင်  prepare

သင်ဖို့ to teach 

စိတ်ဝင်စားစရာကောင်းတဲ့ အမျိုးသမီး တယောက် အကြောင်းကို a story about an interesting lady

ဒါကြောင့် So

ပြောပြချင်ပါတယ်  want to talk

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့  which related to Myanmar

သူမ နာမည်က စ၀်သုစန္ဒီလို့ ခေါ်ပါတယ်။  Her name is Sao Thu Sandi.

တကယ်တော့  Really, Actually

မြန်မာ လူမျိုး  Myanmar Nationality

ရှမ်းလူမျိုး  Shan ethnic

 သြစကြီးယားနိုင်ငံ  Austria

 မွေးဖွားတဲ့  was born

ဥရောပသူ တယောက်  a European lady

သူမရဲ့ နာမည်ရင်းက  Her original name

ဒုတိယ ကမ္ဘာစစ်အပြီးမှာ  After the 2nd World War

သူမဟာ အမေရိကန်မှာ in U.S.A.

သွားရောက် went 

ပညာသင်ပါတယ်  study

သူမဟာ ကျော င်းတက်ရင်း  While she was studying

 မြန်မာ နိုင်ငံသား တစ်ဦးနဲ့  a man who was from Myanmar

 ရည်းစားဖြစ်ခဲ့တယ်  loved

ချစ်ခဲ့ကြတယ်  fell in love

 နောက်  After that

သူတို့နှစ်ယောက်  they both

လက်ထပ်ခဲ့ကြတယ်  married

အစက  At the beginning

သူမဟာ she

သူမချစ်သူ  her lover

ဘယ်လိုလူဆိုတာကို that man who he is 

မသိခဲ့ပါဘူး did not know

ရန်ကုန်ကို  to Yangon

ရောက်တဲ့အခါ When they arrived

လူအများကြီး  so many people 

 ကြိုဆိုကြတယ်  welcomed

အဲဒီအခါမှသာ  At that time

သူ့ခင်ပွန်းဟာ her husband

သာမန်လူမဟုတ်ဘူး ဆိုတာ  that was not a simple (common) person                         สามัญชน

သိခဲ့တယ်။  knew

သူ့ယောက်ျားက  Her husband

ရှမ်းစော်ဘွား ဖြစ်နေတယ်။  was a prince of Shan State                                  เจ้าฟ้า

သီပေါမြို့ကို ရောက်ပြီးနောက်မှာ  After they arrived at Hsipaw 

ရှမ်းရိုးရာနဲ့ with Shan tradition

မင်္ဂလာဆောင်ခဲ့တယ် celebrated wedding

မဟာဒေ၀ီ  “Maha Dewi”

ဘွဲ့  the title

ပေးအပ်ခဲ့ကြတယ်  awarded

ရှမ်းဘာသာစကားကို  Shan language

လျှင်လျှင် မြန်မြန်  quickly

တတ်မြောက်ခဲ့တယ်  learned

နားလည်လာခဲ့တယ်  understood

ရှမ်းလူမျိုးတွေ  Shan ethnic

မဟာဒေ၀ီ တယောက်အဖြစ်  as a mahadewi

လက်ခံလာခဲ့ကြတယ်  welcomed

သူမရဲ့ခင်ပွန်းဖြစ်သူနဲ့  with her husband

အတူတူ  together

ရှမ်းပြည်  Shan State

 ဖွံ့ဖြိုးတိုးတက်ရေးကို  to develop

လုပ်ဆောင်ပေးခဲ့တယ်။  worked

နောက်ပိုင်းမှာ  And then

 စ၀်ကြာဆိုင်ဟာ  Sao Kyar Saing    (เจ้าจาแสง)

ပါလီမန် လွှတ်တော်အမတ်  a member of parliament

စစ်တပ်က  the military

အာဏာသိမ်း  coup de ta

၁၉၆၂ ခုနှစ်မျာ  in 1962

သူလည်း အဖမ်းခံရတယ်  he was also arrested

အမေရိကန် ထောက်လှမ်းရေးလို့ as an American Spy

 စွပ်စွဲပါတယ်  accused

 ဒါကြောင့်  Therefore

အကျယ်ချုပ် ကျခံခဲ့ရတယ်။  were house arrested

၁၉၆၄ခုနှစ်မှာ   in 1964

ထွက်လာခဲ့ပါတယ်  left to abroad

သြစကြီးယား နိုင်ငံမှာ နှစ်နှစ်လောက် နေထိုင်ခဲ့ပြီး   After she had been living in Austria for two years

 ပြောင်းသွားခဲ့  moved to

အမေရိကန်မှာ ဆရာဖြစ်  to be a teacher

အောင်လက်မှတ်  certificate, degree

ဂျာမန်ဘာသာ ဆရာမ  a German language teacher

ရခဲ့တယ်။  got

အိမ်ထောင်ပြုခဲ့ပါတယ်။  married

ဒုတိယ  second time

မြန်မာ ဒုက္ခသည်များကို  Myanmar refugees

အကူအညီပေးရန်အတွက်  to help

 အဖွဲ့အစည်း  an organization

ဖွဲ့စည်းခဲ့တယ်  organized

ကုလသမဂ္ဂက United Nations

 လူငယ်တွေကို the youth

ဆု the prize 

ဒေါ်လာ  dollar

ပေးခဲ့ပါတယ်  gave 

တကယ်တော့  Actually

စ၀်သုစန္ဒီရဲ့ဘ၀မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ the life of the young Sao Thu Sandi

အသည်းမှာ  her heart

ဒဏ်ရာ ရခဲ့ရတဲ့ ဘ၀ပါ။  suffered

 သူ့အကြောင်း အကျဉ်းချုပ်က  her brief biography

No comments:

Post a Comment