Sunday, March 20, 2016

Conjunction 1

စကားဆက် (Conjunction) သမ္ဗန္ဓ    สันธาน

စကားလုံး တခုနှင့် တခု ၀ါကျ တခုနှင့် တခု (သို့မဟုတ်) တခု နှစ်ခု သုံးခု လေးခု စသည်တို့ကို ဆက်ပေးသော စကားလုံးကို စကားဆက်လို့ ခေါ်တယ်။

Conjunction means that the two nouns or verbs or two sentences can be added and related as one clause or one sentence.
ဥပမာ။ For example
နှင့်   (နဲ့)  ၍ And

မိန်းကလေးများနှင့် ယောက်ျားလေးများ ကစားနေကြသည်။
မိန်းကလေးတွေနဲ့ယောက်ျားလေးတွေ ကစားနေကြတယ်။ (နာမ် နှင့် နာမ်)
Boys and girls are playing.  (Noun and Noun)
မိန်းကလေးများက စာဖတ်နေကြ၍ ယောက်ျားလေးများက ကစားနေကြသည်။ 
မိန်းကလေးတွေက စာဖတ်နေကြ၍ ယောက်ျားလေးတွေက ကစားနေကြတယ်။
Girls are reading and boys are playing.
လေ့လာ သိရှိထားသင့်သော သော မြန်မာ စကားဆက်များ

ဒါကြောင့် / ထို့ကြောင့်/ အဲဒါကြောင့်   So, Therefore

နုနုက အရမ်းလိမ္မာတယ်။ ဒါကြောင့် သူမကို ချစ်ကြတယ်။
Nu Nu is very clever so she is loved or has been loved.
မဆုဒါက ရည်မှန်းချက် ကြီးတယ်။ ဒါကြောင့် သူမ ကြိုစားလျှက် ရှိတယ်။
Ma Suda has a great aim so she has been trying hard.
မတူ အင်္ဂလိပ်စကား ကောင်းကောင်း ပြောနိုင်တယ်။ အဲဒါကြောင့် သူမ လစာ ကောင်းကောင်း ရလိမ့်မယ်။
Ma Too can speak English very well so she will get good salary.
အေးမြတ်သူ အရမ်းလှတယ်။ ဒါကြောင့် ကျွန်တော် စိတ်လှုပ်ရှားသွားတယ်။
Aye Myat Thu is very beautiful so I am excited.          

ဒါပေမဲ့ / သို့သော်။   But

ကိုစိုင်းက ကျွန်မကို သိတယ်။ ဒါပေမဲ့ ကျွန်မက သူ့ကို မမှတ်မိဘူး။
Ko Saing knows me but I can’t remember him.
ကျွန်တော် အင်္ဂလိပ်စကား ပြောနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့ ဘာသာ ကျွန်တော် အားမရသေးဘူး။
I can speak English but I am not satisfied myself as yet.
ဒါက ငါ့အတွက် အရမ်းခက်တယ်။ ဒါပေမဲ့ မင်းအတွက်တော့ လွယ်လွယ်လေး ဖြစ်မှာပါ။
It’s hard for me but as for you it’s very easy.
မိန်းကလေးက အရမ်းလှတယ်။ ဒါပေမဲ့ သိပ်ပြီးတော့ စိတ်ကောက်တတ်တယ်။
She is very beautiful but she is so petulant.
သူတို့နှစ်ယောက် ချစ်နေကြတယ်။ ဒါပေမဲ့ ကျွန်တော် မသိဘူး။
They are falling in love with one another but I didn’t know.

ဒါမှမဟုတ်/      သို့မဟုတ်  Or

ကျွန်တော် ဒီဟာ သို့မဟုတ် ဟိုဟာကို ယူမယ်။
I will take this one or that one.
ကျွန်မ ဖိနပ်တရံ ၀ယ်မယ်။  နေမယ်။ ဒါမှမဟုတ် အင်္ကျီတထည် ၀ယ်မယ်။ 
I will buy a pair of shoes or a blouse.
သူ ၀က်သားဟင်းနဲ့စားမယ် သို့မဟုတ် ကြက်သားစားမယ်။
He will eat pork curry or chicken.
လာမလား ဒါမှမဟုတ် သွားမလား။
Will you come or will you go?

သောကြောင့် /   လို့ As / because / since

အမေ နေမကောင်းသောကြောင့် ကျွန်တော် ကျောင်းမသွားနိုင်ပါ။
I cannot to go school because my mother is sick.
မိုးရွာသောကြောင့် ထီးယူခဲ့ပါ။
You must bring an umbrella because it rains.
သူ ဗိုက်မဆာလို့ ထမင်း မစားဘူး။
He does not eat because he is not hungry.
မင်းလာမယ်ဆိုလို့ ငါတို့ စောင့်နေကြတယ်။
Since you will come, we are waiting for you.
သူ ရေဆာလို့ ဘီယာ သောက်နေတယ်။
He is drinking beer as he is thirsty.

မတိုင်မီ /                      Before

သင်္ကြန်မတိုင်မီ ဆံပင်ဆေးဆိုးမယ်
I will dye my hair before Songkran.
ထမင်းမစားမီ လက်ဆေးပါ
Please wash your hands before eating.
ကျောင်းမသွားမီ အိမ်စာကို လုပ်ထားပါ
You should do your homework before you go to school.

ပြီးနောက်    /  ပြီးတော့            After

ကျွန်တော်တို့ ပြတိုက်ကို အလည်သွားပြီးနောက် ပင်ပန်းခဲ့ကြတယ်။
We were tired after our visit to the museum.
သတင်းစာဖတ်ပြီးနောက် ကျွန်တော် အလုပ်စခဲ့တယ်။
I started working after reading the newspaper.

ရင် / လျှင်            If

စိတ်ကူးကောင်းရင် အလုပ်ကောင်းမယ်။
If you think well, you will do well.
မင်း မကြိုးစားရင် မင်း စာမေးပွဲ ကျမယ်
If you do not try hard, you will fail the exam.
မင်း မပြောလျှင် သူမသိဘူး
If you do not tell him, he does not know.
မင်း ထမင်းမစားလျှင် ဗိုက်ဆာမယ်
If you don’t eat, you will be hungry.
မင်းမလာလျှင် ငါလာမယ်
If you don’t come, I will come.
မနက်ဖြန် ကျွန်တော် နေမကောင်းလျှင် အိမ်မှာ နေမယ်။
If I don’t feel well, I will be home tomorrow.
ကျနော် နေမကောင်းလျှင် အလုပ်ကို လာဖြစ်မည် မဟုတ်ပါ။
If I am sick, I can’t come to work.

မဟုတ်လျှင်   /   မဖြစ်လျှင် Unless / If not

ခင်ဗျား မကူညီလျှင် ကျနော် အဆင်ပြေမည် မထင်ပါ။
Unless you help me, I don’t think I will be comfortable.
မင်း အလုပ်မလုပ်လျှင် မင်း ပိုက်ဆံရမည် မဟုတ်။
If you do not work, you will not earn money.
၀၀၀၀     ၀၀၀၀၀၀    ၀၀၀၀၀၀၀


No comments:

Post a Comment