Sunday, February 28, 2016

My Life

My Life
ကျွန်တော့ အကြောင်း


ကျွန်တော့ နာမည် မောင်မောင် ဖြစ်ပါတယ်။ ကျွန်တော် မိဘများမှာ ဦးဘကောင်းနဲ့ ဒေါ်တင်တင်တို့ ဖြစ်ကြပါတယ်။ ကျွန်တော် တက္ကသိုလ် ကျောင်းသားပါ။ ရန်ကုန်တက္ကသိုလ်မှာ တက်နေပါတယ်။ အင်္ဂလိပ်စာ အဓိက နဲ့ သင်ယူနေပါ တယ်။ အဖေက မြို့ပြ အင်ဂျင်နီယာ ဖြစ်ပါတယ်။ အမေက စာကြည့်တိုက်မှူးပါ။ ကျွန်တော်ရဲ့ မိဘများက အစိုးရ ၀န်ထမ်းတွေ ဖြစ်ကြပါတယ်။

ကျွန်တော့မှာ အမ တယောက်ရှိပါတယ်။ အမရဲ့ နာမည်က ခင်အေးနု လို့ ခေါ်ပါတယ်။ သူက တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူပါ။ မြန်မာစာ ကျောင်းသူပါ။ ကျွန်တော်ဟာ အနည်းငယ် အရပ်ရှည်ပြီး ကျန်းမာ သန်စွမ်းသူပါ။ အသား မည်းတယ်။ ကျွန်တော့်ကိုယ်ခန္ဓာက ကြည့်ကောင်းပါတယ်။ ကျွန်တော့ ဆံပင်က မတိုလွန်း မရှည်လွန်းပါ။

မေးခွန်း

၁။ (မေး) သူ့နာမည် ဘယ်လို ခေါ်ပါသလဲ။
(ဖြေ)
၂။ (မေး) သူ့မိဘ နာမည်က ဘယ်လို ခေါ်ပါသလဲ။
 (ဖြေ)
၃။ (မေး) မောင်မောင်က ဘာအလုပ် လုပ်ပါသလဲ။
(ဖြေ)
၎။(မေး)  မောင်မောင်ရဲ့ မိဘတွေက စီးပွားရေးသမားတွေလား။
(ဖြေ)
၅။ (မေး) မောင်မောင် အဖေက အရာရှိလား။
(ဖြေ)
၆။ (မေး) အမေက ရော ဘာအလုပ်လုပ်လဲ။
(ဖြေ)
၇။ (မေး) မောင်မောင်မှာ မောင်နှမ ဘယ်နှစ်ယောက် ရှိပါသလဲ။
(ဖြေ)
၈။ (မေး) မောင်မောင်ရဲ့ အမ နာမည်က ဘယ်လို ခေါ်သလဲ။
(ဖြေ)
၉။ (မေး) ခင်အေးနုက အလုပ်လုပ်နေပြီလား။
(ဖြေ)
၁၀။ (မေး) မောင်မောင်က အသားဖြူသလား။
(ဖြေ)
၁၁။ (မေး) မောင်ောင်က အရပ်ရှည်သလား။
(ဖြေ)


Composition About Ko Phi

ကိုဖီး အကြောင်း စာစီစာကုံး
Composition about Ko Phi



ကျွန်တော့နာမည် ရဖီး ဖြစ်ပါတယ်။
My name is Rapee.

ရဖီးဆိုတဲ့ အဓိပ္ပါယ်က နေမင်းပါ။
Which it means "Sun".

ရ၀ီ ဆိုတဲ့ စကားလုံးက သင်သကရိုက်က လာပါတယ်။
This word is from Sanskrit word "Ravi”.

ကျွန်တော် အသက် ၃၀ ရှိပါပြီ။ ကျွန်တော် ဆော့ဖ်ဝဲ ရေးပါတယ်။
I'm 30 years old and I'm making Software.

ကျွန်တော်ဟာ အမှတ် 3/ 265 စွိုင် ၁၅ - ဖက်ဘူရီ လမ်းမကြီး - ရပ်ခ်ျ ထေ၀ီ ဘန်ကောက်မှာ နေပါတယ်။
I live at 3/265 Soi Petchaburi 15, Petchaburi Road, Ratchathewi, Bangkok.

 ဒါပေမဲ့ ကျွန်တော် ကြီးပြင်လာတဲ့ နေရာက လန်လုကကာ ပထုံဌာနီ ဖြစ်ပါတယ်။
But I grew up in Lamlukka, Pathumtani.

ကျွန်တာ့်အကိုရဲ့ နာမည်က စုထား ဖြစ်ပါတယ်။
My brother's name is Sutha.

သူက ကျွန်တော့ထက် ၄ နှစ် ကြီးပါတယ်။
He's 4 yrs older than me.

သူက renewable energy industry မှာ အလုပ်လုပ်ပါတယ်။
He works in renewable energy industry.

ကျွန်တော့ ညီမ နာမည်က ယေလီ ဖြစ်ပါတယ်။
My sister's name is Jelly.

သူက ကျွန်တော့ထက် တနှစ်ငယ် ပါတယ်။
She's one year younger than me.

သူက ဂျပန် ကုန်သွယ်ရေး ကုမ္ပဏီမှာ အလုပ်လုပ်ပါတယ်။
She works at a Japanese trading company.

ကျွန်တော့ရဲ့ ၀ါသနာကတော့ -
My hobby –

အပတ်စဉ် ပန်းခြံမှာ ပြေးပါတယ်။
I go running at park every week.

ပြေးခြင်းကို ကျွန်တော် အကြိုက်ဆုံး ဖြစ်ရ တာ က ပြေးပြီးတဲ့နောက်မှာ အစားအစာ စားရတာ ပိုကောင်းလို့ ပါဘဲ။
What I like most about running is that food tastes better after running.

နောက်ဝါသနာတခုကတော့ ပန်းချီ ဆွဲခြင်းပါ။
Next my hobby is painting.

မနှစ်က စပြီး ရေဆေး ပန်းချီကို စလုပ်ပါတယ်။
I also started watercolor painting last year.

ကျွန်တော့အထင် ပြောရရင် ရေဆေးပန်းချီ ဆွဲတာဟာ ခက်ပါတယ်။
I think it's hard.

ဘာကြောင့်လဲဆိုတော့ ခင်ဗျားဟာ ခင်ဗျားရဲ့လက်ထဲက စုတ်တံထဲမှာ ရှိတဲ့ ရေ အခြေအနေကို သိနေရမှာ   ဖြစ်တဲ့ အတွက်ကြောင့်ပါ။
Because you have to be aware of water-level on your brush

ဒါဟာ စိန်ခေါ်မှုပါ။
It's challenging.

ကျွန်တော်ဟာ ရေဆေးပန်းချီဆွဲတာမှာ ပိုတော်လာပြီလို့ ထင်ပါတယ်။
I think I'm getting better at it.

မေးခွန်း
၁။ ရဖီးရဲ့ အဓိပ္ပါယ်က ဘာလဲ။

၂။ ရ၀ီ ဆိုတဲ့ စကားလုံးက ဘယ်ဘာသာစကားက လာသလဲ။

၃။ ကိုဖီး အသက် ဘယ်လောက် ရှိပြီလဲ။

၎။ ကိုဖီး ဘယ်မှာနေလဲ။

၅။ ကိုဖီး ဘာအလုပ် လုပ်သလဲ။

၆။ ကိုဖီးကို ဘယ်မှာ မွေးသလဲ။

၇။ ကိုဖီးမှာ ညီအကို မောင်နှမ ဘယ်နှစ်ယောက် ရှိသလဲ။

၈။ ကိုဖီး အကိုနာမည် ဘယ်လိုခေါ်သလဲ။

၉။ ကိုဖီးရဲ့ ညီမ နာမည်က ဘယ်လိုခေါ်သလဲ။

၁၀။ ကိုဖီးရဲ့အကိုက ဘာအလုပ်သလဲ။

၁၁။ ကိုဖီးက ဘာကို ၀ါသနာပါသလဲ။



စကားလုံးများ
စာစီစာကုံး    Composition

အကြောင်း   about

ကျွန်တော့နာမည်  My name

ရဖီး Rapee

ဖြစ်ပါတယ်   is

ရဖီးဆိုတဲ့ အဓိပ္ပါယ်က Which it means

နေမင်း     Sun

This word is
က   from

သင်သကရိုက်  Sanskrit

စကားလုံး word

ရ၀ီ  "Ravi”

အသက် years old

၃၀ ရှိပါပြီ။ I'm 30

ကျွန်တော် ဆော့ဖ်ဝဲ ရေးပါတယ်။ I'm making Software.

ကျွန်တော်ဟာ အမှတ် 3/ 265 စွိုင် ၁၅ - ဖက်ဘူရီ လမ်းမကြီး - ရပ်ခ်ျ ထေ၀ီ ဘန်ကောက်မှာ နေပါတယ်။
I live at 3/265 Soi Petchaburi 15, Petchaburi Road, Ratchathewi, Bangkok.

ကျွန်တော် ကြီးပြင်လာတဲ့ နေရာက   I grew up

/  (slash)  မျဉ်းစောင်း

ကျွန်တာ့်အကိုရဲ့ နာမည်က စုထား ဖြစ်ပါတယ်။
My brother's name is Sutha.

သူက ကျွန်တော့ထက် ၄ နှစ် ကြီးပါတယ်။
He's 4 yrs older than me.

သူက renewable energy industry မှာ အလုပ်လုပ်ပါတယ်။
He works in renewable energy industry.

ကျွန်တော့ ညီမ နာမည်က ယေလီ ဖြစ်ပါတယ်။
My sister's name is Jelly.

ကျွန်တော့ထက် တနှစ်ငယ် ပါတယ်။  one year younger than me.

ဂျပန် Japanese

ကုန်သွယ်ရေး trading

ကုမ္ပဏီမှာ Company

ကျွန်တော့ရဲ့ My

ဝါသနာ    hobby

ပြေးခြင်း  running

ပန်းခြံမှာ   at park

အပတ်စဉ်  every week

အကြိုက်ဆုံး like most

 ပြေးပြီးတဲ့နောက်မှာ after running

အစားအစာ food

စားရတာ ပိုကောင်းလို့ ပါဘဲ။ tastes better

နောက်ဝါသနာတခုကတော့  Next my hobby

 painting. ပန်းချီ ဆွဲခြင်း

မနှစ်က last year

စပြီး   started

ရေဆေး watercolor painting  

ကျွန်တော့အထင် ပြောရရင်  I think

ရေဆေးပန်းချီ ဆွဲတာဟာ ခက်ပါတယ်။ It's hard.

ဘာကြောင့်လဲဆိုတော့ Because

ခင်ဗျားဟာ you

စုတ်တံ brush

ထဲမှာ ရှိတဲ့ အခြေအနေကို သိရှိနေရတယ်
have to be aware of

ရေ water

စိန်ခေါ်မှု challenging

ပိုတော်လာပြီ    getting better

Sunday, February 21, 2016

The Cowboy and the Wolf

ဝံပုလွေနဲ့ နွားကျောင်းသား
The Cowboy and the Wolf




ပြောပြသူ မနာ () မအေးမြတ်သူ
Narrator: Ma Na or Ma Aye Myat Thu

အားလုံးမင်္ဂလာပါ။
Hello, Everybody!

ကျွန်မနာမည် ခွန်နာ ဖြစ်ပါတယ်။ မြန်မာနာမည်ကတော့ အေးမြတ်သူပါ။ ကျွန်မဆရာ ပေးထားတဲ့ နာမည်ပါ။ မြန်မာ နိုင်ငံမှာတော့ အေးမြတ်သူဆိုတာ အရမ်းလှတဲ့ မိုဒယ်ဂဲလ်လို့ ပြောပါတယ်။

My name is Khun Na. My Myanmar name is Aye Myat Thu which is given to me by my teacher. He said that Aye Myat Thu is a very beautiful model girl in Myanmar.

အရင်တပတ်က မတူက ယုန်နဲ့လိပ်အကြောင်းကို မြန်မာလို ပြောပြခဲ့ပါတယ်။ ဗဟုသုတ အများကြီး ရပါတယ်။ မြန်မာ စကားလုံး အသစ်တွေလည်း သိရတယ်။ မြန်မာစကား အသုံးအနှုံး အသစ်တွေလည်း သိရတယ်။ အဲဒီအတွက် ကျေးဇူးတင်ပါတယ်  မတူ။

Last week, Ma Tu told us the story of the hare and the tortoise in Myanmar language. We have got a lot of knowledge from that. We have learned many new Myanmar vocabularies. Moreover, we have also learned various new Myanmar usages. Thank you Ma Tu for this.

ဒီတပတ် ဆရာက ကျွန်မကို စကားပြောဖို့တာဝန် ပေးပါတယ်။ ကျမပြောရမှာကလည်း မြန်မာပုံပြင် တပုဒ်ပါဘဲ။ ၀ံပု လွေနဲ့ နွားကျောင်းသားဆိုတဲ့ ပုံပြင်လေးပါ။ အားလုံး နားထောင်ဖူးကြလိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းကလည်း ဒီပုံပြင်ကို နားထောင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ထိုင်းစကားနဲ့ပေါ့။ ခု ကျွန်မပြောပြမှာက မြန်မာ စကားနဲ့ပါ။

This week, the teacher assigns a duty for me to talk. I will tell you a Myanmar tale concerning a cowboy and a wolf. I think all of us have ever listened to this story before. When we were children, we have ever listened to this story before, but it was in Thai. Now I will tell you in Myanmar language.

ကဲ စပြောပြီ နော်။
OK, let’s start talking…

ဟိုရှေးရှေးတုန်းက ရွာတရွာမှာ နွားကျောင်းသားလေး တစ်ယောက် ရှိတယ်။ သူဟာ သူ့နွားတွေကို တောင်နားကို ခေါ်သွားပြီး အစာကျွေးတတ်ပါတယ်။

Once upon a time, in a village there was a cowboy. He took his cows to feed near the hill.

တနေ့မှာ သူဟာပျင်းလာလို့ ရီစရာ ဟာသတခု ပြုလုပ်ဖို့ စဉ်းစားနေခဲ့တယ်။ ဒီလိုစဉ်းစားပြီးနောက် သူဟာ ရွာကို ပြေးလာပြီး ´၀ံပုလွေ´ ၀ံပုလွေလို့ အော်ဟစ်ခဲ့တယ်။ ဒါကြောင့် ရွာသားတွေဟာ လက်နက်တွေကိုယူပြီး သူ့နောက် ကို အလျှင်အမြန် ပြေးလိုက်လာခဲ့ကြတယ်။

One day, because he was bored, he was thinking to do something funny. After he thought, he ran to the village shouting out loudly “wolf! wolf!”. Therefore, villagers carried weapons and ran hurriedly after him.

ဒါပေမဲ့ တောင်ကုန်းနားကို ရောက်တော့ ဘာဝံပုလွေကိုမှ မတွေ့ခဲ့ရဘူး။ ဒီအချိန်မှာ ရွာသားတွေဟာ နွားကျောင်းသား က သူတို့ကို အရူးလုပ်လိုက်ပြီဆိုတာကို သိလိုက်ကြတယ်။ အဲဒါကြောင့် သူတို့ဟာ မကျေမနပ်နဲ့ ရွာကိုပြန်လာခဲ့ကြ တယ်။ နွားကျောင်းသားကတော့ အဲဒီနေရာမှာရပ်နေခဲ့ပြီး ရီမောနေခဲ့တယ်။

But when they arrived at the hill they could not see any wolf. At this time, the villagers realized that they have been fooled by the cowboy so they were frustrated and returned to the village. At that place, the cowboy was standing there laughing.

နောက်နေ့မှာ နွားကျောင်းသားဟာ နောက်ထပ်တဖန် လိမ်ပြောဖို့ လာခဲ့ပြန်တယ်။ ဒီအခါမှာလည်း ရွာသားတွေဟာ ယုံကြည်ခဲ့ကြတယ်။ ဒါကြောင့် နွားကျောင်းသားလေးကို ၀ံပုလွေထံမှ ကယ်တင်ဖို့အတွက် လက်နက်တွေနဲ့ အလျှင် အမြန် လိုက်လာကြပြန်တယ်။ ဒါပေမဲ့ တောင်ကုန်းနားကိုရောက်တဲ့အခါ သူက ရွာသားတွေကို ကြည့်ပြီး ရီနေခဲ့ပြန် တယ်။ ဒါကြောင့် သူတို့ဟာ တဖန် အရူးလုပ်ခံရပြီဆိုတာကို သိလိုက်ရပြန်တယ်။

The next day, the cowboy did the same thing again by returning to the village and told a lie. This time, the villagers also believed him and wanted to save the cowboy from the wolf so they carried weapons and run after him. But when they arrived at the hill, they saw the cowboy laughing. So they realized that they have been fooled by the cowboy again.

နောက်ဆုံးမှာတော့ ကံမကောင်းတဲ့နေ့ကို ရောက်ရှိလာခဲ့ပါတယ်။ နွားကျောင်းသားလေးဟာ တောစပ်နားမှာ ၀ုံပလွေ တကောင်ကို အမှန်တကယ် တွေ့ခဲ့ပါတယ်။ ဒီအခါမှာ သူဟာ တကယ်ဘဲ ထိတ်လန့် သွားခဲ့တယ်။
Finally, an unlucky day came. The cowboy really confronted a wolf near the forest. This time, he was certainly frighten.

ဒါကြောင့် အကူအညီတောင်းဖို့ ရွာကိုပြေးသွားခဲ့တယ်။ သို့သော်လည်း ရွာသားတွေက သူ့စကားကို မယုံကြတော့ပါ ဘူး။ ဒီကောင်ဟာ နောက်ထပ်တမျိုး လိမ်ပြောပြန်ပြီလို့ ထင်ခဲ့ကြတယ်။ နောက်ဆုံးမှာတော့ ၀ံပုလွေဟာ နွားအုပ် တ အုပ်လုံးကို စားပစ်လိုက်တယ်။ နွားကျောင်းသားလေးဟာ ငိုရုံမှတပါးဘာမှ မတတ်နိုင်တော့ပါဘူး။
So he ran to ask for help from the villagers but they did not believe his words any more. They thought the cowboy told a lie again. At the end, the wolf had eaten all cows in the herd. The cowboy could not do anything except crying.

ပုံပြင်လေးကတော့ ဒီလောက်ပါဘဲ။

This is the end of the story.

ဒီပုံပြင်ကပေးတဲ့ အသိညာဏ် ဗဟုသုတကတော့ လိမ်ညာပြောဆိုခြင်းဟာ မကောင်းဘူးဆိုတာ ပါဘဲ။

The wisdom of this story is telling a lie is not a good deed.

နားထောင်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။

Thank you all for listening.

***    ****   ***
လေ့ကျင့်ရန် မေးခွန်းနှင့် အဖြေများ

Practice questions and answers

၁။ ဤဇာတ်လမ်း၏ အဓိကဇာတ်ကောင် ဘယ်သူဖြစ်ပါသလဲ။
1.     Who is the main character in this story?

၂။ နွားကျောင်းသားက ရွာသားတွေကို ဘယ်လို လိမ်ပြောခဲ့ပါသလဲ။
2.     How did the cowboy lie to the villagers?

၃။ ရွာသားတွေက နွားကျောင်းသား လိမ်ပြောတာကို ယုံကြည်ကြပါသလား။
3.     Did the villagers believe what the cowboy told or not?

၎ ။ရွာသားတွေ လိုက်လာတဲ့အခါ နွားကျောင်းသား ဘာလုပ်ခဲ့ပါသလဲ။
4.     When the villagers arrived, what was the cowboy doing?

၅။ နောက်ဆုံးမှာ နွားကျောင်းသားဟာ ၀ုံပလွေနဲ့ တကယ်တွေ့ခဲ့ပါသလား။
5.     Finally, did the cowboy really encounter the wolf or not?

၆။ ၀ုံပလွေကနွားအုပ်ကို ဘာလုပ်ခဲ့ပါသလဲ။
6.     What did the wolf do to the herd of cows?



Vocabularies
စကားလုံး အဓိပ္ပါယ်များ
ဝံပုလွေ    the Wolf    

နဲ့ and

နွားကျောင်းသား  The Cowboy

ပြောပြသူ       Narrator

အရင်တပတ်က Last week

မြန်မာလို   in Myanmar language

ပြောပြခဲ့ပါတယ်။ told

ဗဟုသုတ အများကြီး ရပါတယ်။ have got a lot of knowledge

မြန်မာ စကားလုံး အသစ်တွေ   new Myanmar vocabularies

သိရတယ် have learned

မြန်မာစကား အသုံးအနှုံး အသစ်တွေ     various new Myanmar usages.

အဲဒီအတွက် ကျေးဇူးတင်ပါတယ်  မတူ     Thank you Ma Tu for this.

ဒီတပတ် This week

စကားပြောဖို့  to talk

တာဝန် duty

တာဝန်ပေးပါတယ်။ assigns a duty for me 

ကျမပြောရမှာက I will tell you   

မြန်မာပုံပြင် Myanmar tale

ဝံပုလွေနဲ့ နွားကျောင်းသားဆိုတဲ့ ပုံပြင်လေးပါ။ concerning a cowboy and a wolf

အားလုံး all

နားထောင်ဖူးကြလိမ့်မယ်လို့ have ever listened to

ကျွန်မထင်ပါတယ်။ I think

ကျွန်မတို့ ငယ်ငယ်တုန်းက  when we were young

ဒီပုံပြင်ကို နားထောင်ခဲ့ဖူးပါတယ်။ have ever listened to this story

 ဒါပေမဲ့ ထိုင်းစကားနဲ့ပေါ့။ but it was in Thai.

 ခု Now

ကဲ စပြောပြီ နော်။  OK, let’s start talking…

ဟိုရှေးရှေးတုန်းက Once upon a time

ရွာတရွာမှာ in a village 

နွားကျောင်းသားလေး တစ်ယောက် ရှိတယ်။  there was a cowboy

သူဟာ He

သူ့နွားတွေကို his cows

တောင်နားကို near the hill.

ခေါ်သွားပြီး took

to feed အစာကျွေးတတ်ပါတယ်။

တနေ့မှာ One day

သူဟာပျင်းလာလို့ he was bored

 ရီစရာ ဟာသတခု  something funny

ပြုလုပ်ဖို့  to do

စဉ်းစားနေခဲ့တယ်  was thinking

ပြီးနောက် After

သူဟာ    he

ရွာကို ပြေးလာပြီး ran to the village

အော်ဟစ်ခဲ့တယ်   shouting loudly

 ဒါကြောင့် Therefore,

ရွာသားတွေဟာ villagers

လက်နက်တွေကို weapons

ယူပြီး carried

သူ့နောက်ကို after him

အလျှင်အမြန် quickly, hurrily

ပြေးလိုက်လာခဲ့ကြတယ်    ran

တောင်ကုန်းနားကို ရောက်တော့ when they arrived at the hill

မတွေ့ခဲ့ရဘူး။ could not see

ဒီအချိန်မှာ At this time

သူတို့ကို them

အရူးလုပ်လိုက်ပြီဆိုတာကို have been fooled

သိလိုက်ကြတယ်  realized

အဲဒါကြောင့် so

သူတို့ဟာ they

မကျေမနပ်နဲ့ unsatisfied / frustrated / angry

 ရွာကို ပြန်လာခဲ့ကြ တယ်။ returned to the village

နွားကျောင်းသားကတော့ the cowboy

အဲဒီနေရာမှာ  At that place

ရပ်နေခဲ့ပြီး was standing

ရီမောနေခဲ့တယ် laughing  

နောက်နေ့မှာ The next day

နောက်ထပ်တဖန် the same thing again

 လိမ်ပြောဖို့ told a lie  (to lie)

လာခဲ့ပြန်တယ်။ returning

ဒီအခါမှာ This time  

ယုံကြည်ခဲ့ကြတယ် believed

ဝံပုလွေထံမှ from the wolf

ကယ်တင်ဖို့အတွက် wanted to save

လက်နက်တွေနဲ့ carried weapons

အလျှင် အမြန် လိုက်လာကြပြန်တယ်  run after him

အလျှင် အမြန်  quickly / fast

တောင်ကုန်းနားကိုရောက်တဲ့အခါ when they arrived at the hill

သူက he

နောက်ဆုံးမှာတော့ Finally

ကံမကောင်းတဲ့နေ့  unlucky day

ရောက်ရှိလာခဲ့ပါတယ် came

တောစပ်နားမှာ near the forest

အမှန်တကယ် actually / really

တွေ့ခဲ့ပါတယ်    confirmed ( သေချာတယ် ) 

ဒီအခါမှာ This time / Then

တကယ်ဘဲ really

ထိတ်လန့် သွားခဲ့တယ်။ panic, frighten

အကူအညီတောင်းဖို့ to ask for help

ရွာကိုပြေးသွားခဲ့တယ်။ ran to village

သို့သော်လည်း But / however

သူ့စကားကို his words

မယုံကြတော့ပါဘူး did not believe any more

 ဒီကောင်ဟာ the cowboy (he)

နောက်ထပ်တမျိုး လိမ်ပြောပြန်ပြီလို့ told a lie again

ထင်ခဲ့ကြတယ် thought

 နောက်ဆုံးမှာတော့  At the end,  Finally

ဝံပုလွေဟာ the wolf

နွားအုပ် တအုပ်လုံးကို all cows in the herd

 စားပစ်လိုက်တယ် had eaten

 နွားကျောင်းသားလေးဟာ ငိုရုံမှတပါးဘာမှ မတတ်နိုင်တော့ပါဘူး။ The cowboy cried and could not do anything.
 ပုံပြင်လေးကတော့ ဒီလောက်ပါဘဲ။

This is the end of the story.

ဒီပုံပြင်ကပေးတဲ့ အသိညာဏ် ဗဟုသုတကတော့ The wisdom of this story is

လိမ်ညာပြောဆိုခြင်းဟာ မကောင်းဘူးဆိုတာ ပါဘဲ telling a lie is not a good deed.