အလွမ်းများစွာနှင့်
Missing You So Much
ပြောပြသူ: မဆုဒါ
Narrator : Ma Suda
အားလုံး မင်္ဂလာပါ
ရှင်။
Good morning everybody.
ဒီနေ့ ဖတ်ပြမဲ့
အကြောင်းအရာက အချစ် ၀တ္ထုတိုလေး တပုဒ် ဖြစ်ပါတယ်။
The story that
we will read today is a short love story.
တကယ်တော့
ဒီဝတ္ထုတိုကို ဖတ်ပြဖို့ တာဝန် ကျတာ ကျမ မဟုတ်ပါဘူး။ အေးမြတ်သူ တာဝန်ကျတာပါ။
Actually it’s
not my duty to read this story. It should be Aye Myat Thu’s duty.
ဒါပေမဲ့ ဒီအပတ်
အေးမြတ်သူ ကျောင်းမလာဖြစ်လို့ ဆရာက သူမကိုယ်စား ကျမကို တာဝန်ပေးပါတယ်။
But, since Aye Myat Thu does not
come to school this week, the teacher asked me to do the duty on her behalf.
ကျွန်မအနေနဲ့
ဒီဝတ္ထုလေးကို အေးမြတ်သူ ကိုယ်စား ဖတ်ပြခွင့်ရတာ ၀မ်းသာပါတယ်။
I’m happy to be
allowed to read this story on behalf of Aye Myat Thu.
ဝတ္ထုတိုလေးက
အချစ် ၀တ္ထုက လေးဆိုတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။
This story is an interesting short
love story.
ကဲ
စဖတ်ပြတော့မယ်နော်။ ၀တ္ထု ခေါင်းစဉ်
က ´အလွမ်းများစွာနှင့်´ ဖြစ်ပါတယ်။
Well, let’s start reading. The title of the story is
“Missing You So Much”.
အလွမ်းများစွာနှင့်
Missing
You So Much
လေပြေလေညှင်းကလေးက အင်းလျားကန်ရေပြင်ပေါ်တွင် လျှပ်တိုက်
ပြေးဆော့နေ၏။
There was some gentle breeze touching and blowing on
the Inya lake water smoothly and slowly.
ကန်ဘောင်ပေါ်ရှိ ခုံတန်းပေါ်တွင် ချောမောလှပသော အမျိုးသမီးကြီးတစ်ဦး
ထိုင်နေသည်။
At the bank of Inya Lake, there
was a beautiful lady sitting on the bench.
သူမသည် ကန်ရေပြင်ဘက်ကို မျက်နှာမူထားသော်လည်း သူမ၏ မျက်ဝန်းများက
ကန်ကို မြင်ဟန်မတူ။
Although she was looking at the water side, her eyes did not seem to see the
water.
အလွမ်းရိပ်သန်းနေသော သူမ၏ မျက်ဝန်းများက ကောင်းကင်မှ တိမ်များနှယ်
လွင့် မျောပါနေသည်။
Her eyes were expressing feeling of affection,
wandering like clouds in the sky.
သူမ၏ စိတ်များက အတိတ်ဆီသို့သာ…။
Her thought had been roaming to
the past time of sweet memories.
နှုတ်မှလည်း တိုးတိတ် ညင်သာစွာဖြင့်
She softly whispered herself;
´အော်.. ဝေးခဲ့ရတဲ့ နှစ်တွေ ကြာလှပေါ့..မောင် ရယ်။
“Maung, my dear, we have to be far away for a long
time.
ကျွန်မလေ.. အချိန်တွေ ဘယ်လိုပင် ပြောင်းပြောင်း မောင့်ကို
တနေ့ကလေးမှ မေ့မရခဲ့ပါဘူး ..ကွယ်´
I have never forgotten you even one day, although
how the time has ever been changed.”
ဟု ရေရွတ်နေလေသည်။
She was reciting quietly.
ဤသို့ တစ်ယောက်တည်း ရေရွတ်ကာ အလွမ်းသယ်နေသူမှာကား ရန်ကုန်တက္ကသိုလ်
မြန်မာစာဌာနမှ လက်ထောက် ကထိက ဒေါ်ရီရီမြင့် ဖြစ်၏။
Such lady who mumbled by herself that she is missing
her boyfriend is Daw Yi Yi Myint , assistant lecturer of University of Yangon.
သူမနှင့် ချစ်ရသူ ကိုတင်မောင်ဆွေတို့သည် အချစ်ကြီးချစ်ခဲ့ကြသည့်
စုံတွဲအဖြစ် တက္ကသိုလ် နယ်မြေတွင် နာမည်ကြီးခဲ့ဖူး ပါသည်။
She and her lover, Ko Tin Maung Swe, loved each
other so much. Everybody in the University campus knew as they were famous
couple.
ကိုတင်မောင်ဆွေက
စာပေသမား နိုင်ငံရေးကို စိတ်ဝင်စားသူ။
Ko Tin Maung Swe was a litterateur and he was
interested in politics too.
အရေးအခင်းပေါ်တိုင်း အမြဲတမ်း ပါဝင်နေသဖြင့် စစ်အာ ဏာပိုင်များက
ဖမ်းဆီးခြင်း ခံခဲ့ရသည်။
Because he always participated in the political
demonstrations, he was arrested by the military authorities.
ထို့နောက် သတင်းအစအန ပျောက်ကာ သေသည်ရှင်သည်မသိသည်မှာ ယခုဆို
လျှင် အနှစ်နှစ်ဆယ်ခန့်ရှိခဲ့ပါပြီ။
Since then, she has never heard any news about him
for almost 20 years.
ဆရာမသည် အဝေးဆီသို့ ငေးမျှော်ရင်း အတိတ်ရပ်ဝန်းသို့ စိတ်အစဉ်က
ခရီးနှင်လျှက်။
The lady teacher looked far way like absent-mindedly,
her thought was travelling to the past.
၀၀၀၀ ၀၀၀
´မောင်. ရီရီကို တကယ်ချစ်ရဲ့လား´
“Maung, do you really love Yi Yi?”
ဟု အမူပိုပိုဖြင့် ချွဲနွဲ့ကာ တင်မောင်ဆွေကို ပြောလေရာ
She asked Tin Maung Swe wiles and endearingly;
´သိပ်ချစ်တာပေါ့.. ရီရီရာ။ ဒီလောကကြီးမှာ ကိုကိုက ရီရီကို
အချစ်ဆုံး´
“ I love you very much, Yi Yi. You are the one I love most in the world.”
ဟု ပြန်ပြောသဖြင့် ရီရီမြင့်၏ မျက်နှာသည် တိမ်ကင်းစင်သည့်
လမင်းပမာ ရွှန်းလက်၍ နေလေသည်။
That because he replied to her, then her face was
bright and shining immediately as the moon without cloud on it.
တင်မောင်ဆွေက လည်း ရီရီမြင့်၏ မျက်နှာကို ပျောက်ကွယ်သွားမှာ
စိုးသည့်အလား စိုက်ကြည့်နေ၏။
Tin Maung Swe was looking at her face as he was very
serious to be lost Yi Yi Myint.
ချစ်သူနှစ်ဦး အကြည့်ချင်းဆုံသော အခါ ရင်ခုန်သံသည် ပို၍
မြန်ဆန်လာလေသည်။
When the two lovers looked at each other, their
heartbeats were faster.
ရီရီမြင့်၏ မို့မို့ဖောင်းဖောင်းပါးကလေးပေါ်တွင် လိမ်းချယ်ထားသော
သနပ်ခါးရနံ့ကလည်း တင်မောင်ဆွေ၏ နမ်းရှိုက် လိုစိတ်ကို နှိုးဆွနေလေသည်။
The fragrant of thanakha which she covered on her
plump cheeks activated Tin Maung Swe to kiss her.
ပြီးလျှင် နှင်းဆီရောင်
နီမြန်းနေသော ချစ်သူ၏ နှုတ်ခမ်းများကလည်း စွဲမက်စရာပင် မဟုတ်ပါလား။
And then, her rose-color lips are also very fascinating
and attractive. Aren’t they?
တင်မောင်ဆွေသည် ရီရီကို မြတ်နိုးစွာဖြင့် ပွေ့ဖက်ထားလိုက်လေ၏။
Tin Maung Swe hugged Yi Yi lovingly.
ရီရီလည်း တင်မောင်ဆွေ၏ ရင်ခွင်ထဲတွင် အချစ်၏ ဆန်းကျယ်သော
ရသကို တရှိုက်မက်မက် ခံစားနေမိသည်။
She deeply and passionately felt the strange feeling
of love in her boyfriend’s embrace.
ထိုအချိန်ကလေးများ ပျောက်ကွယ်သွားမှာကို ရီရီသည် စိုးရိမ်မိနေသည်။
Yi Yi was worried that the moment will be gone.
ချစ်သူ၏ အနမ်းတချက်သည် ပန်းများစွာကို ဖူးပွင့်စေနိုင်သည်
မဟုတ်ပါလား။
Could a kiss from her lover make flowers bloomed in
her heart?
ထို့နောက် တင်မောင်တွေက
Then Tin Maung Swe said
´ရီရီကို ကိုယ် သိပ်ချစ်တယ်..ကွာ´
“Yi Yi, I love you so much”
´ရီရီလည်း မောင့်လိုပါဘဲ.. အချစ်ရယ်´
“Yi Yi also love you, my darling”
´မောင်လေ ရီရီနဲ့ ဝေးရမှာကို အရမ်းကြောက်တယ် ကွယ်။ တခါတလေ
ရီရီနဲ့ ဝေးသွားမှာကို တွေးမိတိုင်း အိပ်မပျော် ဘူး.သိလား´
“I’m so afraid to be apart from you. Sometime, ever
while I am thinking that you would be away from me, I can’t sleep, do you know
that?”
´အဲဒီလောက်တောင်ဘဲလား… မောင်ရယ်။
“Really?
ရီရီ ဘယ်တော့မှ မောင်နဲ့ မခွဲဘူး သိလား။ “
Yi Yi will never go and separate from you.
I will be with you for all my life.
တသက်လုံး မောင်နဲ့ဘဲ နေမယ်။
ပြောမပြတတ်အောင်ကို ချစ်တယ်ကွယ်။
I can’t tell how much I love you.
တကယ်လို့များ မောင်နဲ့ဝေးရရင် ရီရီ အသက်ရှင်လို့ ရမှာ မဟုတ်တော့ပါဘူး။
Actually, if I am away from you, I can’t live
without you.
သေသွားလိမ့်မယ်ထင်တယ်.. မောင်ရယ်´
I will be died, I think”
´မောင်ပြောတာကို ယုံတယ်မဟုတ်လား´
“Do you believe what I tell you?”
´ယုံပါတယ်.. မောင်ရယ်။ ဒီကမ္ဘာမှာ ရီရီ အယုံကြည်ရဆုံးလူဟာ
မောင်ပါဘဲ..ကွယ်´
“Yes, I believe you. In this world, I believe only
you”
ထိုစဉ် ကန်ဘောင်ပေါ်တွင် လမ်းလျှောက်နေကြသော ကျောင်းသူအုပ်စုတစ်ခု၏
ရီမောသံများကြောင့် ဆရာမ ဒေါ်ရီရီမြင့် သည် အတွေးမှ လန့်နိုးလာလေသည်။
Then as she heard some loudly sound of a group of girl
students walking and laughing at bank of the Inya Lake, the teacher Daw Yi Yi
Myint woke up from her day dream.
ကန်ရေပြင်တွင်ကား လှိုင်းကြက်ခွပ်ကေးလများက ကမ်းစပ်သို့
တရိပ်ရိပ် ပြေးလာနေကြ၏။
Some waves were running to the shore of the lake
quickly.
သူမသည် ထို လှိုင်းကြက်ခွပ် ကလေးများကို ကြည့်ရင်း မောင်ရေ
မြန်မြန်ပြန်လာပါတော့ဟု စိတ်ထဲက ရေရွတ်မိလေသည်။
While she was looking at the waves, she whispered by
herself “my dear, please come back to me
quickly”.
အတိတ်သို့လွမ်းဆွတ်တမ်းတမိသဖြင့် သူမ၏ မျက်ဝန်းတွင် မျက်ရည်များ
စို့နေသည်။
Because of missing to the sweet past days, her eyes
were full of tears.
အချစ်သည် ရင်ကို အေးမြစေခဲ့ သလို အချစ်သည် ရင်ကို လောင်ကျွမ်းစေခဲ့၏။
Love could make cool in the heart as well as love
could burn her heart.
အချစ်သည် ခွန်အားကို ဖြစ်စေခဲ့သလို အလွမ်းများကိုလည်း မွေးဖွားပေးခဲ့
၏။
Love was to be strengthen as well as Love could
cause remembrance and missing feelings.
မောင်ရယ်.. ပြန်မဆုံနိုင်မှန်း သိလျှက်သားနှင့် ကျွန်မလေ
တနေ့တရက်မှ မေ့မရဘဲ ဒီနေ့ထိတိုင် လွမ်းဆွတ်နေဆဲပါ. .ကွယ်။
She thought: Though I cannot re-meet Maung again,
any day I will not forget you. Until today, I still miss you.
ဇာတ်လမ်းကတော့
ဒီမှာ ပြီးသွားပါပြီ။
This is the end of the story.
ဒီ
ဝတ္ထုတိုလေးကို ဖန်တီး ရေးသားသူကတော့ ကျမတို့ရဲ့ ဆရာ ဦးဌေးဝင်း ဖြစ်ပါတယ်။
This story was written by our
teacher, Saya U Htay Win.
ကျမ ဖတ်ပြတာကို
နားထောင်ပေးတဲ့အတွက် အားလုံးကို အထူး ကျေးဇူးတင်ပါတယ်။
Special thanks
to you all for listening to my reading.
စကားလုံးများ Vocabularies
အလွမ်း Missing
များစွာ So Much
ဒီနေ့ ဖတ်ပြမဲ့
အကြောင်းအရာက The story that we will read today
ဖြစ်ပါတယ်။ is
အချစ်
ဝတ္ထုတိုလေး တပုဒ် a short love story.
တကယ်တော့ Actually
ဒီဝတ္ထုတိုကို
ဖတ်ပြဖို့ to
read this story
တာဝန်ကျတာ ကျမ
မဟုတ်ပါဘူး။ it’s not my duty.
အေးမြတ်သူ
တာဝန်ကျတာပါ။ It should be Aye Myat Thu’s duty.
ဒါပေမဲ့ But
ဒီအပတ် this
week
အေးမြတ်သူ
ကျောင်းမလာဖြစ်လို့ since
Aye Myat Thu does not come to school,
ဆရာက the teacher
သူမကိုယ်စား on her behalf
ကျမကို တာဝန်ပေးပါတယ်။ asked me to do the duty
ကျွန်မအနေနဲ့ I’m
ဒီဝတ္ထုလေးကို this story
အေးမြတ်သူ
ကိုယ်စား on behalf of Aye Myat Thu
ဖတ်ပြခွင့်ရတာ to
be allowed to read
ဝမ်းသာပါတယ်။ happy
ဝတ္ထုတိုလေးက This story
အချစ် ၀တ္ထုက
လေးဆိုတော့ short
love story.
စိတ်ဝင်စားစရာ
ကောင်းပါတယ်။ an interesting
ကဲ
စဖတ်ပြတော့မယ်နော်။ Well, let’s start reading
ဝတ္ထု ခေါင်းစဉ်
က The title of the
story is
´အလွမ်းများစွာနှင့်´ ဖြစ်ပါတယ်။ “Missing
You So Much”.
လေပြေလေညှင်းကလေးက some
gentle breeze
အင်းလျားကန်ရေပြင်ပေါ်တွင် on the Inya lake water
လျှပ်တိုက် ပြေးဆော့နေ၏။ touching and blowing smoothly and slowly.
ကန်ဘောင်ပေါ်ရှိ At the bank of Inya Lake
ခုံတန်းပေါ်တွင် on the bench
ချောမောလှပသော အမျိုးသမီးကြီးတစ်ဦး a beautiful lady
ထိုင်နေသည်။ was sitting
သူမသည် she
ကန်ရေပြင်ဘက်ကို မျက်နှာမူထားသော်လည်း Although was
looking at the water side
သူမ၏ မျက်ဝန်းများက her eyes
ကန်ကို the
lake
မြင်ဟန်မတူ။ did not seem to see
အလွမ်းရိပ်သန်းနေသော were
expressing feeling of affection
သူမ၏ မျက်ဝန်းများက Her
eyes
ကောင်းကင်မှ in the sky
တိမ်များနှယ် like clouds
လွင့် မျောပါနေသည်။ wandering
သူမ၏ စိတ်များက Her thought
အတိတ်ဆီသို့သာ…။ had been roaming to the past time of sweet memories.
နှုတ်မှလည်း တိုးတိတ် ညင်သာစွာဖြင့် She softly
whispered herself;
အော်.. ဝေးခဲ့ရတဲ့ နှစ်တွေ we have to be far away
ကြာလှပေါ့.. for
a long time
မောင် ရယ်။ Maung,
my dear,
ကျွန်မလေ.. I
အချိန်တွေ ဘယ်လိုပင် ပြောင်းပြောင်း although how the
time has ever been changed
မောင့်ကို you
တနေ့ကလေးမှ မေ့မရခဲ့ပါဘူး ..ကွယ် have never forgotten
even one day,
ဟု ရေရွတ်နေလေသည်။
She was reciting quietly.
ဤသို့ Such
တစ်ယောက်တည်း herself
ရေရွတ်ကာ အလွမ်းသယ်နေသူမှာကား lady who mumbled that
she is missing her boyfriend
ရန်ကုန်တက္ကသိုလ် University
of Yangon
မြန်မာစာဌာနမှ
Department of Myanmar
Language
လက်ထောက် ကထိက assistant
lecturer
ဒေါ်ရီရီမြင့် Daw
Yi Yi Myint
ဖြစ်၏။ is
သူမနှင့် ချစ်ရသူ She
and her lover
ကိုတင်မောင်ဆွေ Ko
Tin Maung Swe
အချစ်ကြီးချစ်ခဲ့ကြသည့် loved each other so much
စုံတွဲအဖြစ် as
couple
တက္ကသိုလ် နယ်မြေတွင် in
the University campus
နာမည်ကြီးခဲ့ဖူး ပါသည်။ were famous
စာပေသမား a
litterateur
နိုင်ငံရေး politics
စိတ်ဝင်စား interested in
အရေးအခင်း political demonstrations
အမြဲတမ်း always
ပါဝင် participate
စစ်အာ ဏာပိုင်များက by
the military authorities
ဖမ်းဆီးခြင်း ခံခဲ့ရသည်။ he was arrested
ထို့နောက် Since
then
သတင်းအစအန ပျောက်ကာ သေသည်ရှင်သည်မသိသည်မှာ never heard
any news about him
အနှစ်နှစ်ဆယ်ခန့်ရှိခဲ့ပါပြီ။ for almost 20 years
ဆရာမသည် The
lady teacher
အဝေးဆီသို့ ငေးမျှော်ရင်း looked far way like absent mindedly
အတိတ်ရပ်ဝန်းသို့ to
the past.
စိတ်အစဉ်က ခရီးနှင်လျှက်။ her thought was travelling
၀၀၀၀ ၀၀၀
´မောင်. ရီရီကို တကယ်ချစ်ရဲ့လား´ “Maung, do you
really love Yi Yi?”
ဟု အမူပိုပိုဖြင့် ချွဲနွဲ့ကာ wiles and endearingly
တင်မောင်ဆွေကို ပြောလေရာ She asked Tin Maung Swe
သိပ်ချစ်တာပေါ့.. ရီရီရာ။ I
love you very much, Yi Yi.
ဒီလောကကြီးမှာ in
the world.”
မောင်က I
ရီရီကို You
အချစ်ဆုံး the one I love most
ဟု ပြန်ပြောသဖြင့် That
because he replied to her
ရီရီမြင့်၏ မျက်နှာသည် her face was
တိမ်ကင်းစင်သည့် လမင်းပမာ as the moon without cloud on it.
ရွှန်းလက်၍ နေလေသည်။ bright
and shining
ရီရီမြင့်၏ မျက်နှာကို her face
ပျောက်ကွယ်သွားမှာ စိုးသည့်အလား as he was very
serious to be lost
စိုက်ကြည့်နေ၏။
was looking at
ချစ်သူနှစ်ဦး အကြည့်ချင်းဆုံသော အခါ When the two
lovers looked at each other,
ရင်ခုန်သံသည် their
heartbeats
ပို၍ မြန်ဆန်လာလေသည်။
were faster
ရီရီမြင့်၏
မို့မို့ဖောင်းဖောင်းပါးကလေးပေါ်တွင် on her plump
cheeks
လိမ်းချယ်ထားသော which
she covered
သနပ်ခါးရနံ့ကလည်း The
fragrant of thanakha
တင်မောင်ဆွေ၏ နမ်းရှိုက် လိုစိတ်ကို Tin Maung Swe to
kiss her.
နှိုးဆွနေလေသည်။ activated
ပြီးလျှင် And then,
နှင်းဆီရောင် နီမြန်းနေသော rose-color
ချစ်သူ၏ နှုတ်ခမ်းများကလည်း her lips
စွဲမက်စရာပင် မဟုတ်ပါလား။ very fascinating and attractive. Aren’t they?
မြတ်နိုးစွာဖြင့် lovingly
ပွေ့ဖက်ထားလိုက်လေ၏။ hugged
ရင်ခွင်ထဲတွင် in
embrace
အချစ်၏ ဆန်းကျယ်သော ရသကို the strange feeling of love
တရှိုက်မက်မက် deeply
and passionately
ခံစားနေမိသည်။ felt
ထိုအချိန်ကလေးများ that
the moment
ပျောက်ကွယ်သွားမှာကို will be gone
စိုးရိမ်မိနေသည်။ worried
ချစ်သူ၏ အနမ်းတချက်သည် a kiss from her lover
ပန်းများစွာကို flowers
ဖူးပွင့်စေနိုင်သည်
မဟုတ်ပါလား။ Could it make the flowers
bloomed in her heart?
ထို့နောက် တင်မောင်တွေက Then Tin Maung Swe said
´ရီရီကို ကိုယ် သိပ်ချစ်တယ်..ကွာ´ “Yi Yi, I love you so much”
´ရီရီလည်း မောင့်လိုပါဘဲ.. အချစ်ရယ်´“Yi Yi also love
you, my darling”
´မောင်လေ ရီရီနဲ့ ဝေးရမှာကို အရမ်းကြောက်တယ် ကွယ်။ I’m
so afraid to be apart from you.
တခါတလေ Sometime
ရီရီနဲ့ ဝေးသွားမှာကို would be away from me
တွေးမိတိုင်း ever
while I am thinking that you
အိပ်မပျော် ဘူး.သိလား´
I can’t sleep, do you know that?”
´အဲဒီလောက်တောင်ဘဲလား… မောင်ရယ်။ “Really?
ရီရီ ဘယ်တော့မှ မောင်နဲ့ မခွဲဘူး သိလား။” Yi Yi
will never go and separate from you.
တသက်လုံး မောင်နဲ့ဘဲ နေမယ်။ I will be with you for all my life.
ပြောမပြတတ်အောင်ကို
ချစ်တယ်ကွယ်။ I can’t tell how much I love you.
တကယ်လို့များ မောင်နဲ့ဝေးရရင် Actually, if I am away from you,
ရီရီ အသက်ရှင်လို့ ရမှာ မဟုတ်တော့ပါဘူး။ I can’t live
without you.
သေသွားလိမ့်မယ်ထင်တယ်.. မောင်ရယ်´ I will be died, I
think”
´မောင်ပြောတာကို ယုံတယ်မဟုတ်လား´ “Do you believe what
I tell you?”
´ယုံပါတယ်.. မောင်ရယ်။ “Yes, I believe you.
ဒီကမ္ဘာမှာ In
this world,
ရီရီ အယုံကြည်ရဆုံးလူဟာ မောင်ပါဘဲ..ကွယ်´ I believe
only you”
ထိုစဉ် Then
ကန်ဘောင်ပေါ်တွင် at
the bank of the Inya Lake
လမ်းလျှောက်နေကြသော walking
ကျောင်းသူအုပ်စုတစ်ခု၏ a group of girl students
ရီမောသံများကြောင့် as
some loudly sound laughing
အတွေးမှ လန့်နိုးလာလေသည်။ woke up from her day dream.
ကန်ရေပြင်တွင်ကား of
the lake
လှိုင်းကြက်ခွပ်ကေးလများက some waves
ကမ်းစပ်သို့ to
the shore
တရိပ်ရိပ် quickly.
ပြေးလာနေကြ၏။ were
running
သူမသည် ထိုလှိုင်းကြက်ခွပ် ကလေးများကို ကြည့်ရင်း While
she was looking at the waves,
မောင်ရေ မြန်မြန်ပြန်လာပါတော့ဟု “my
dear, please come back to me quickly”.
စိတ်ထဲက ရေရွတ်မိလေသည်။ she whispered by herself
အတိတ်သို့လွမ်းဆွတ်တမ်းတမိသဖြင့် Because of missing
to the sweet past days,
သူမ၏ မျက်ဝန်းတွင် မျက်ရည်များ စို့နေသည်။ her eyes
were full of tears.
အချစ်သည် ရင်ကို အေးမြစေခဲ့ သလို Love could make cool in the heart as well
as
အချစ်သည် ရင်ကို လောင်ကျွမ်းစေခဲ့၏။ love could burn her heart.
အချစ်သည် ခွန်အားကို ဖြစ်စေခဲ့သလို Love was to be strengthen as well as
အလွမ်းများကိုလည်း မွေးဖွားပေးခဲ့ ၏။ Love could cause remembrance and
missing feelings.
မောင်ရယ်..
ပြန်မဆုံနိုင်မှန်း
သိလျှက်သားနှင့် Though I
cannot re-meet Maung again,
ကျွန်မလေ တနေ့တရက်မှ မေ့မရဘဲ ဒီနေ့ထိတိုင် လွမ်းဆွတ်နေဆဲပါ.
.ကွယ်။ any day I will not forget you.
Until today, I still miss you
ဇာတ်လမ်းကတော့ ဒီမှာ ပြီးသွားပါပြီ။ This is the end of the
story.
ဒီ
ဝတ္ထုတိုလေးကို ဖန်တီး ရေးသားသူကတော့
This story was written by
ကျမတို့ရဲ့ ဆရာ ဦးဌေးဝင်း ဖြစ်ပါတယ်။ our teacher, Saya U Htay Win.
ကျမ ဖတ်ပြတာကို
နားထောင်ပေးတဲ့အတွက် အားလုံးကို အထူး ကျေးဇူးတင်ပါတယ်။
Special thanks
to you all for listening to my reading.