My
Life
ကျွန်တော့
အကြောင်း
ကျွန်တော့ နာမည် မောင်မောင်
ဖြစ်ပါတယ်။ ကျွန်တော် မိဘများမှာ ဦးဘကောင်းနဲ့ ဒေါ်တင်တင်တို့ ဖြစ်ကြပါတယ်။ ကျွန်တော်
တက္ကသိုလ် ကျောင်းသားပါ။ ရန်ကုန်တက္ကသိုလ်မှာ တက်နေပါတယ်။ အင်္ဂလိပ်စာ အဓိက နဲ့ သင်ယူနေပါ
တယ်။ အဖေက မြို့ပြ အင်ဂျင်နီယာ ဖြစ်ပါတယ်။ အမေက စာကြည့်တိုက်မှူးပါ။ ကျွန်တော်ရဲ့ မိဘများက
အစိုးရ ၀န်ထမ်းတွေ ဖြစ်ကြပါတယ်။
ကျွန်တော့မှာ အမ တယောက်ရှိပါတယ်။
အမရဲ့ နာမည်က ခင်အေးနု လို့ ခေါ်ပါတယ်။ သူက တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူပါ။ မြန်မာစာ
ကျောင်းသူပါ။ ကျွန်တော်ဟာ အနည်းငယ် အရပ်ရှည်ပြီး ကျန်းမာ သန်စွမ်းသူပါ။ အသား မည်းတယ်။
ကျွန်တော့်ကိုယ်ခန္ဓာက ကြည့်ကောင်းပါတယ်။ ကျွန်တော့ ဆံပင်က မတိုလွန်း မရှည်လွန်းပါ။
မေးခွန်း
၁။ (မေး) သူ့နာမည် ဘယ်လို ခေါ်ပါသလဲ။
(ဖြေ)
၂။ (မေး) သူ့မိဘ နာမည်က ဘယ်လို ခေါ်ပါသလဲ။
(ဖြေ)
၃။ (မေး) မောင်မောင်က ဘာအလုပ် လုပ်ပါသလဲ။
(ဖြေ)
၎။(မေး) မောင်မောင်ရဲ့
မိဘတွေက စီးပွားရေးသမားတွေလား။
(ဖြေ)
၅။ (မေး) မောင်မောင် အဖေက အရာရှိလား။
(ဖြေ)
၆။ (မေး) အမေက ရော ဘာအလုပ်လုပ်လဲ။
(ဖြေ)
၇။ (မေး) မောင်မောင်မှာ မောင်နှမ ဘယ်နှစ်ယောက် ရှိပါသလဲ။
(ဖြေ)
၈။ (မေး) မောင်မောင်ရဲ့ အမ နာမည်က ဘယ်လို ခေါ်သလဲ။
(ဖြေ)
၉။ (မေး) ခင်အေးနုက အလုပ်လုပ်နေပြီလား။
(ဖြေ)
၁၀။ (မေး) မောင်မောင်က အသားဖြူသလား။
(ဖြေ)
၁၁။ (မေး) မောင်ောင်က အရပ်ရှည်သလား။
(ဖြေ)
No comments:
Post a Comment